(ဂ)-ဟိုပန်မြို့၌နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးသင်တန်းကျောင်းဖွင့်လှစ်ပေးရန်အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-16

မေးခွန်း အကြောင်းအရာ 

u kyin wan “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း  ဟိုပန်မြို့နယ်တွင် ဝ၊ ရှမ်း၊ ကိုးကန့်၊ ကချင်၊ လားဟူ၊ လီဆူ၊ လော်စေ့နှင့် မိုးဟုန်စသည့် တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်ကြပြီး တောင်ယာလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်း ပြုသူများဖြစ်သဖြင့် ဆင်းရဲနွမ်းပါးကြပါကြောင်း၊ အခြေခံပညာတတ်မြောက်မှု နည်းပါးသည့်အတွက် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့ရသည့် မြို့နယ်တစ်ခုဖြစ်ပါကြောင်း၊ ပြည်သူများ လူနေမှုအဆင့်အတန်း မြင့်မားလာစေရန်နဲ့ ဒေသဖွံ့ဖြိုးရေးကို အထောက်အကူဖြစ်စေရန် မျိုးဆက်သစ်တိုင်းရင်းသားလူငယ်များ လူသားအရင်းအမြစ် ဖွံ့ဖြိုးလာစေရန်အတွက် ဟိုပန်မြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင်‌့ လေ့ကျင့်ရေးဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်နေသော နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး သင်တန်းကျာင်းတစ်ခု ဖွင့်လှစ်ပေးနိုင်ရန် ဒေသခံပြည်သူများက အထူးလိုလား လျက်ရှိပါကြောင်း၊

၎င်း ကျောင်းဖွင့်လှစ်နိုင်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနပိုင် ဟိုပန်မြို့၊ ပင်းအပ်အစားထိုး စိုက်ပျိုးရေးခြံမှ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့သို့ လွှဲပြောင်းပေးအပ်သည့် မြေ ၅ ဧကတွင် တည်ဆောက်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်တွင် အမှန်တစ်ကယ်လိုအပ်သည့် ဒေသခံ တိုင်းရင်းသား လူငယ်များ၏ အခြေခံပညာတတ်မြောက်မှုအတွက် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေး သင်တန်းကျောင်းတစ်ခု နိုင်ငံတော်မှ ဖွင့်လှစ်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိ လိုပါကြောင်း မေးမြန်းပါသည်။