(ဃ)-နန်းယွန်းမြို့အဝင်တိုင်းယောင်း(၁)တံတား၊ချ မ္မကောက်လုံကောင်းကျေးရွာနှင့်ဒုံဟီးမြို့ကြားဒုံဟီး တံတား၊ဒုံဟီးမြို့နှင့်ချန်ဖန်းကျေးရွာကြားချောင်းဆုံ တံတားတို့အားမည်သည့်အချိန်တွင်ဆောင်ရွက်ပေး မည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-16

မေးခွန်း အကြောင်းအရာ 

u wan hla မိမိတို့နယ်စပ်ဒေသမှာရှိသည့် မြို့ရွာကျေးလက်များအတွက် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွင်း အိန္ဒိယအထောက်အပံ့နှင့် ဆောက်လုပ်ထားသည့် နန်းယွန်း၊ ဒုံဟီး၊ လဟယ်လမ်းအပိုင်းကို သက်ဆိုင်ရာ စစ်မြေပြင်အင်ဂျင်နီယာတပ် ဆအရ ၉၀၁ နှင့် ဆအရ ၉၀၉ တို့မှ တာဝန်ယူဆောင်ရွက်ခဲ့ ပါကြောင်း၊ ကျောက်ခင်းလမ်းခင်းခြင်းကို ပြီးစီးအောင် ဆောင်ရွက်ခဲ့သော်လည်း ဘေလီသံဘောင်တံတား သုံးစင်းကို ယနေ့အချိန်အထိ အပြီးသတ်ဆောင် ရွက်နိုင်မှု မရှိသေးပါကြောင်း၊ ဒေသခံပြည်သူများ ခရီးသွားရန် အခက်အခဲရှိနေသည် ကိုမိမိတို့တွေ့ရှိနေရပါကြောင်း၊ နန်းယွန်းမြို့အဝင် ကျန်တိုင်တံတား(ခေါ်) တိုင်းယောင်း(၁)ပေ ၂၀၀  တံတား၏ လက်ရှိအနေအထား ကြီးရှိနေသည့် အခြေအနေဖြစ်ပါကြောင်း၊ ဒါကိုလောလောဆယ် မိမိတို့က အထက်နားမှာရှိသည့် ကြိုးတံတားကို အသုံးပြုနေရသည့် အတွက်ကြောင့် ဒေသခံများအခက်အခဲတွေ့နေရခြင်းဖြစ်ပါကြောင်း၊ ချမ္မကောက်လုံကောင်းကျေးရွာနှင့် ဒုံဟီးမြို့ကြားမှာရှိသည့် ပေ ၂၀၀ တံတား ဒုံဟီးတံတားဖြစ်ပါကြောင်း၊ ၎င်းတံတားများ၏ လက်ရှိ အခြေအနေတွင် ဒေသဦးစီးအဖွဲ့၏ ဦးဆောင်မှုနှင့် ဒေသခံကုမ္ပဏီများဆီမှ အကူအညီတောင်းပြီး အလှူခံပြီး ပြင်ဆင်ထားခြင်းဖြစ်ပါကြောင်း၊  ဒုံဟီးမြို့နှင့် ချန်ဖန်းကျေးရွာကြားမှာ ချောင်းဆုံ တံတားဖြစ်ပါကြောင်း၊ တံတားအစတွင် ဒီဇယ်လည်းသုတ်လိမ်းထားသည့် တံတားဖြစ်ပါကြောင်း၊ သုတ်လိမ်းခါစတွင် ၎င်းဓာတ်ပုံသည် လှနေခြင်းဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေတွင် ဆိုးရွားနေသည့်အခြေအနေဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် မေးမြန်းလိုသည်မှာ သက်ဆိုင်ရာဘဏ္ဍာနှစ်အတွင်း မပြီးပြတ်ဘဲ ကျန်နေသည့် တံတားသုံးစင်းကို မည်သည့်အချိန်တွင် အပြီးသတ်ဆက်လက်ပြီး ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။