(ခ)-ယခင်သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနပညာရေး ဝန်ကြီးဌာနလက်အောက်ရှိဆရာ/မဝန်ထမ်းများ၏ ရာထူးတိုးမညီမျှမှုများ/ကြန့်ကြာနေမှုများ/ရာထူး တိုးနစ်နာမှုများရှိပါက မည်သို့ဆောင်ရွက်ပေးရန် အစီအစဉ် ရှိသည်ကို သိလိုခြင်းနှင့် စပ်လျဉ်း သည့်မေးခွန်း

2020-12-16

မေးခွန်း အကြောင်းအရာ 

tin htay aungယခင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ ဝန်ထမ်းများ၏ ရာထူးတိုးမြှင့်ရေးကိစ္စနှင့် ပတ်သက်ပြီး သက်ဆိုင်ရာကျောင်းအလိုက် သတ်မှတ်ချက်များနှင့်အညီ တင်ပြရန်၂၃-၇-၂၀၁၅ ရက်နေ့တွင် စာအမှတ်၊ သပန/၂၉(၁)/၂၀၁၅ (၁၃၂၀၃) ဖြင့်လည်းကောင်း၊ ၃-၈-၂၀၁၅ ရက်နေ့တွင် စာအမှတ်၊ စမပ/ဝထ-၂/၂၀၈/၂၀၁၅ (၁၅၉၂) ဖြင့်လည်းကောင်း ညွှန်ကြားဆောင်ရွက်ခဲ့သော်လည်း နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများအရ တိုးမြှင့်ခံစားသင့်သူများ ကြန့်ကြာနေကြဆဲဖြစ်သည်ဟု သိရှိရပါကြောင်း၊ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေ ၂၀၁၂ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့တွင် ပြဋ္ဌာန်းထုတ်ပြန်ခဲ့သော နိုင်ငံ့ဝန်ထမ်းနည်းဥပ‌ဒေ တို့အရလည်း လုပ်သက်ဆိုင်ရာ ရာထူးတိုးမြှင့်ပေးခြင်းများ အားနည်းနေသည်ဟု သိရှိရပါကြောင်း၊ လုပ်သက်နှင်‌့ ရာထူးတိုးမြှင့်ခြင်းတို့သည် ဝန်ထမ်းတို့၏ ဘဝမျှော်လင့်ချက်များ ဖြစ်သည်သာမက တာဝန်ယူမှု၊ တာဝန်ခံမှု မြင့်မားစေလျက် နိုင်ငံ့တာဝန် ထမ်းဆောင်မှုများကိုလည်း ပိုမိုထိရောက်အောင်မြင်စေမည် ဖြစ်ပါကြောင်း၊ ယခုအခါ နိုင်ငံတော်၏ အပြောင်းအလဲကောင်းတို့ကို ဦးတည်ကြိုးပမ်းနေကြသည့် ပြည်သူ့အစိုးရတစ်ရပ် ပေါ်ပေါက်နေပြီဖြစ်သည့်အတွက် နိုင်ငံတော်၏ ဝန်ထမ်းများအပေါ် ကောင်းမွန်မှန်ကန်စွာ စောင့်ရှောက်မှုများ ပေးရန်လိုအပ်မည်ဟု ယုံကြည်ပါကြောင်း၊ ထို့ကြောင့် ဆရာ/မများ၊ ဝန်ထမ်းများ၏ ရာထူးတိုးမညီမျှမှုများ၊ ကြန့်ကြာနေမှုများ၊ ရာထူးတိုးနစ်နာမှုများ ရှိပါက မည်သို့ပြုပြင်စီမံ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။