(ဂ)-မြောက်ဥက္ကလာပမြို့နယ်၊ဝေဘာဂီမြို့သစ်ရပ် ကွက်ရှိအစိုးရစက်မှုလက်မှုအထက်တန်းကျောင်း သို့မဟုတ်သင်တန်းကျောင်းပြန်လည်ဖွင့်လှစ်ပေး ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-16

မေးခွန်း အကြောင်းအရာ 

u than winမြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီမြို့သစ်ရပ်ကွက်၊ ဓမ္မသုခလမ်းမှာရှိသည့် အစိုးရစက်မှုလက်မှု အထက်တန်းကျောင်းကို ၁၅-၆-၁၉၉၂ ရက်နေ့တွင် စတင်ဖွင်‌့လှစ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ အဆိုပါကျောင်း၏ အကျယ်အဝန်းမှာ ၇၀၀ ပေ x ၅၀၀ ပေခန့်ရှိပြီး အုပ်ချုပ်ရေးဆောင်၊ စာသင်ဆောင်များ၊ ဝန်ထမ်းအိမ်ရာ များရှိပါကြောင်း၊ ၂၀၀၈ ခုနှစ်တွင် ကျရောက်ခဲ့သော နာဂစ်မုန်တိုင်းပြီးသည့်နောက် ၂၀၀၉ ခုနှစ် ဇူလိုင်လတွင် အဆိုပါကျောင်းအား ရပ်နားခဲ့ပါကြောင်း၊ ယခုအခါ ယင်းသင်တန်းကျောင်းတွင် မြက်ပင်၊ ချုံနွယ်များကြား ပြုပြင်ထိန်းသိမ်းခြင်းကင်းမဲ့သဖြင့် အဆောက်အဦများမှာ ပျက်စီးဆုံးရှုံးမှုအန္တရာယ်များ ရှိလာပါကြောင်း၊ သို့ဖြစ်ပါ၍ မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီ မြို့သစ်ရပ်ကွက်၊ ဓမ္မသုခလမ်းတွင်ရှိသော အစိုးရစက်မှုလက်မှု အထက်တန်းကျောင်း သို့မဟုတ် သင်တန်းကျောင်းကို ပြန်လည်ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည်‌့ ကာလတွင် ဖွင့်လှစ်ပေးမည်နှင့် အစီအစဉ်မရှိပါက မည်သည်‌့အကြောင်းကြောင့်ဖြစ်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။