(ခ)-ရသေ့တောင်မြို့နယ်၌ကိုယ်ထူကိုယ်ထ ပြု လုပ်တည်ဆောက်ထားခဲ့သော “မေယုအားမာန်” ကြိုးတံတားကို သံကူကွန်ကရစ် တံတားတစ်ခု တည်ဆောက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်း သည့် မေးခွန်း

2020-12-16

မေးခွန်း အကြောင်းအရာ 

khin san waiရသေ့တောင်မြို့နယ်၏ အနောက်ဘက်ဒေသ မေယုကန့်နယ်မြေအတွင်း နေထိုင်နေကြသည့် သရက်ချောင်း ကျေးရွာအပါအဝင် ကျေးရွာပေါင်းကိုးရွာမှာ အိမ်ခြေ ၁၃၄၉ အိမ်ရှိပြီး လူဦးရေမှာ ၆၉၄၂ ဦးရှိပါကြောင်း၊ ၎င်းကျေးရွာ ကိုးရွာ၏ ကျေးရွာချင်းဆက်လမ်းပေါ်တွင် မေယုကန်(တောင်ပိုင်း)ဒေသ၏ အရှေ့အနောက် ပိုင်းခြားထားသော ပျောချောင်းကြီး ရှိပါကြောင်း၊ ၎င်းချောင်းကိုဖြတ်ပြီး မေယုအားမာန်ကြိုးတံတား  တစ်ခုကို အလှူရှင်တစ်ဦးက မတည်ပြီး ကျေးရွာများ၏ကူညီပံ့ပိုးမှုဖြင့် ၂၄.၁.၂၀၁၃  ရက်နေ့တွင် တည်ဆောက် ခဲ့ပါကြောင်း၊ ၎င်းတံတားသည် ခိုင်ခံ့မှုမရှိသည့်အတွက် စက်ဘီးနှင့်ဆိုင်ကယ်များကို တွန်းပြီးသွားလာ ရပါကြောင်း၊ အောက်ခံအဖြစ်အသုံးပြုနေသည့် သံပြားချပ်များသည် ရာသီဥတုဒဏ်၊ ခရီးသွားပြည်သူများ သွားလာသည့်ဒဏ်နှင့် ဆားငံဓာတ်များ၏ အခိုးအငွေ့ဒဏ်များကြောင့် ၎င်းသံပြားချပ်များသည် သံချေး တက်ပြီး ဆွေးမြေ့လာသဖြင့် ပျက်စီးယိုယွင်းမှုများဖြစ်ပေါ်လာပါကြောင်း၊ ၎င်းတံတားကို တစ်နှစ် တစ်ကြိမ် ပြုပြင်ပေးရန်သိန်းပေါင်း ၂၀ လိုအပ်ပြီး၊ ပြုပြင်ရန်အတွက်လည်း အခက်အခဲရှိပါကြောင်း၊ ထို့ကြောင့် သရက်ချောင်းကျေးရွာနှင့် အခြားကျေးရွာများမှာ ကျေးလက်နေပြည်သူများ သွားလာလွယ်ကူအဆင်ပြေစေရန် ကိုယ်ထူကိုယ်ထပြုလုပ် ထားသည့် မေယုအားမာန် ကြိုးတံတားကို သံကူကွန်ကရစ်တံတား တည်ဆောက် ပေးရန် အစီအစဉ်ရှိ/မရှိ နဲ့ အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ပြုလုပ်ပေးပါမည်ကို သိရှိလိုပါ ကြောင်းမေးမြန်းပါသည်။