(ဃ)-လားရှိုးမြို့တွင်းလမ်းများဖြစ်သောသိန်းနီလမ်း၊ ဘူတာလမ်းနှင့် နမ္မတူလမ်းတို့ကို တိုးချဲ့ခင်းပေးရန် အစီအစဉ်ရှိ၊မရှိသိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-16

မေးခွန်း အကြောင်းအရာ 

dr si m kလားရှိုးမြို့သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၏ အကြီးဆုံးမြို့ဖြစ်သည့်အတွက် တိုင်းဒေသကြီး/ ပြည်နယ်များနှင့် ဆက်သွယ်ရန် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်တွင် တည်ရှိနေခြင်းကြောင့် စီးပွားရေး၊ ကုန်သွယ်ရေး၊ ပို့ဆောင်ရေးစသည့် ကဏ္ဍပေါင်းစုံနှင့် ဆက်စပ်နေသည့် ဖွံ့ဖြိုးသည့်မြို့ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးလာသည်နှင့်အတူ အဆမတန် များပြားလာသည့် မော်တော်ကား၊ မော်တော်ဆိုင်ကယ်၊ သုံးဘီး၊ ထော်လာဂျီစသည့် ယာဉ်များ မြို့တွင်း လမ်းများပေါ်တွင် ပြည့်ကျပ်နေပြီး မတော်တဆယာဉ်တိုက်မှုများ နည်းမျိုးစုံဖြင့် တွေ့ကြုံရင်ဆိုင် နေရပါကြောင်း၊ ယခုလို ယာဉ်တိုက် မှုများ ပို၍များလာခြင်းသည် တိုးတက် များပြားလာသည့် အမြန်ယာဉ်၊ အနှေးယာဉ်များအတွက် လမ်းများကို အလျင်အမြန်တိုးချဲ့ပေးရန် လိုအပ်လျက်ရှိ ပါကြောင်း၊

သို့ဖြစ်ပါ၍ မိမိမေးမြန်းလိုသည်မှာ မြို့တွင်းလမ်းများဖြစ်သည့် (၁) ကွတ်ခိုင်လမ်း၊ သိန်းနီလမ်း၊ မြို့တော်ခန်းမအဝိုင်းမှ ဘေလီတံတားအထိ သိန်းနီလမ်းနှင့် ဗိုလ်ချုပ်လမ်း လမ်းဆုံမှသုံးဖြောင့် ရေပန်းလမ်းဆုံထိ၊ (၂) ဘူတာလမ်း မြို့တော်ခန်းမအဝိုင်းမှ ဘူတာရုံထိ၊ (၃) နမ္မတူလမ်းခွဲမှ ပညာရေးကောလိပ်အထိ လမ်းများကို ပလပ်ဖောင်းနှင့် ရေမြောင်းများအပါအဝင် ဘေးနှစ်ဖက်သို့ တိုးချဲ့ပြုပြင် ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။