(က) - မြို့နယ်စည်ပင် သာယာရေး ကော်မတီ မှ အန္တရာယ် အဆောက် အဦ အဖြစ်သတ်မှတ်ထား သည့်ညောင်ရွှေမြို့၊အ.ထ.က(၁)ကျောင်းဆောင်ကြီး အား ကျောင်းဆောင်သစ် အဖြစ် မည်သည့်အချိန် တွင် ဆောက်လုပ်ပေးမည်ကိုသိလိုခြင်းနှင့်စပ်လျဉ်း သည့် မေးခွန်း

2020-12-16

မေးခွန်း အကြောင်းအရာ 

u win myintရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသည်  မိမိတို့နိုင်ငံ၏ ပထမဦးဆုံး သမ္မတကြီးကိုယ်တိုင် ဦးစီးထူထောင်ခဲ့သည့် ကျောင်းကြီး ဖြစ်ပါကြောင်း၊ ကျောင်း၏သက်တမ်းမှာ ၅၈ နှစ်ကြာမြင့်ပြီဖြစ်၍ ပြိုကျပျက်စီးတော့မည့် အခြေအနေဖြစ်နေပါကြောင်း၊ ကျောင်းသား ၁၃၀၀ ကျော် ပညာသင်ကြားနေသည့် ကျောင်း၏ မျက်နှာကြက်များ သည်  ပြိုကျ ပျက်စီးနေပြီး ကျောင်းအောက်ထပ်တွင်လည်းှ စာသင်မရအောင် အတွင်းပိုင်းနှင့် အပြင်ပိုင်းပါ ပျက်စီး နေပါသဖြင့် အသစ်ပြန်ပြင်ရတော့မည့်အခြေအနေသို့ရောက်နေပြီ ဖြစ်ပါကြောင်း၊ ဘတ်ဂျက် မတင်လိုက်ရသဖြင့် ယခုပညာသင်နှစ်တွင် အသစ်မပြုပြင်နိုင်ဘဲကျောင်းသားဦးရေကို လျော့ချ၍ လက်ခံနေရပါကြောင်း၊ အန္တရာယ်ကျောင်းဆောင် အဖြစ် သတ်မှတ်ခြင်းခံရ သည့် ၎င်း ကျောင်းကြီးကို ယခုတစ်ပတ်အတွင်း ဖြိုချမည်ဖြစ်ပြီး အဟောင်းများကို စက်ဘီးထားသည့် အဆောင်၊ ဝန်ထမ်းအဆောင်အဖြစ် ပြန်လည်ဆောက်လုပ်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုနှစ် သို့မဟုတ် နောက်လာမည့်ဘတ်ဂျက်တွင်  ကျောင်းကြီးကို အမြန်ဆုံးပြန်လည် တည်ဆောက်ပေးစေ ချင်ပါကြောင်းနှင့် မည်သည့်အချိန်တွင် ဆောက်လုပ်ပေးမည်ကို သိရှိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။