(က)-ရေနံချောင်းမြို့နယ်၊ ဂွေးကုန်း၊ ဝက်ချုပ်၊ နတ်မောက်မြို့နယ်ချင်းဆက်လမ်းအားကျောက်ချော လမ်း၊ကျေးလက်ဒေသဖွံ့ဖြိုးရေးလမ်းမှကတ္တရာလမ်း၊ လမ်းဦးစီးပိုင်အဖြစ်သို့တိုးမြှင့်ပေးရန်အစီအစဉ်ရှိ/မ ရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
ရေနံချောင်း-နတ်မောက်မြို့နယ်ချင်းဆက် လမ်းသည် ၂၉ မိုင် ၇ ဖာလုံရှည်လျားပြီး ဂွေးကုန်းမှ ဝက်ချုပ်အပိုင်းသည် ရေနံချောင်းမြို့နယ်အပိုင်းဖြစ်ပြီး ၁၄ မိုင် ၃ ဖာလုံရှည်လျားပါကြောင်း၊ ဝက်ချုပ်မှ နတ်မောက်အပိုင်းသည် ၁၅ မိုင် ၄ ဖာလုံရှည်လျားပြီး နတ်မောက်မြို့နယ်အပိုင်း ဖြစ်ပါကြောင်း၊ ၎င်း လမ်းအား ၁၉၉၁ ခုနှစ် ၁၉၉၁-၁၉၉၂ ခုနှစ် နဝတအစိုးရလက်ထက်မှ လမ်းကြမ်းအဖြစ် စတင်ဖောက်လုပ်ခဲ့ပြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဖွံ့ဖြိုးရေးလမ်းအဖြစ် စတင် ဖောက်လုပ်ခဲ့ ပါကြောင်း၊ ၎င်းနောက် အရပ်သားအစိုးရလက်ထက် ၂၀၁၃-၁၄ ခုနှစ်တွင် ကျေးလက် ဒေသဖွံ့ဖြိုးရေး ဌာန ကျောက်ချောလမ်းအဖြစ်သို့ တိုးမြှင့်ဖောက်လုပ်ပြီး ကျေးလက်ဦးစီးဌာနမှ တာဝန်ယူ စောင့်ရှောက် ခဲ့ပါကြောင်း၊ ၎င်းနောက် ၂၀၁၄-၁၅ ခုနှစ်တွင် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ရေနံချောင်း၊ ရေနံမြေ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ရေနံချောင်းမြို့နယ်၊ အင်တောအုပ်စု လယ်ကျင်းရိုးကျေးရွာအနီး ရေနံချောင်းရေနံမြေမှ ရေနံနှင့်သဘာဝဓာတ်ငွေ့ စမ်းသပ်တူးဖော် ခဲ့သည့်အတွက် ၎င်းလမ်းတွင် ရေနံမြေပိုင်ကားကြီးများ ဖြတ်သန်းသွားလာခဲ့ပါကြောင်း၊ ထို့နောက် ၂၀၁၅-၁၆ ခုနှစ်တွင်လည်း ရေနံချောင်းရေနံမြေမှ သဘာဝဓာတ်ငွေ့လုပ်ငန်း နတ်မောက်မြို့နယ် ချောင်းအုန်းန္နဲအုပ်စု တယ်တပ်ရွာနှင့် ဝင်ဂတ်ရွာအကြား ရေနံနှင့်သဘာဝဓာတ်ငွေ့ စမ်းသပ်တူးဖော် ခဲ့သည့်အတွက် ရေနံချောင်းရေနံမြေမှ ကားကြီးများဆက်လက်၍ သွားလာခဲ့သည့်အတွက် လမ်းများ ပိုမိုပျက်စီးခဲ့ပါကြောင်း၊ ၎င်းလမ်းအား ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနပိုင် ကျောက်ခင်းလမ်း အဖြစ်မှ ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနပိုင် ကတ္တရာလမ်းအဖြစ်သို့ တိုးမြှင့်ဆောင်ရွက် သင့်ပါကြောင်း၊ ၎င်းကို လမ်းဦးစီးဌာနပိုင် ကတ္တရာလမ်းဖြစ်သွားပါက ရေနံချောင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းအတွက် အထောက်အကူဖြစ်သလို ဂွေးကုန်း၊ ဝက်ချုပ်၊ နတ်မောက်အတွင်း နေထိုင်ကြသည့် ကျေးရွာသူကျေးရွာသားများ အနေနှင့်လည်း ၎င်းတို့၏ ယာမြေများမှ ထွက်ရှိသည့် သီးနှံများဖြစ်သော နှမ်း၊ မြေပဲ၊ နေကြာ၊ ဝါဂွမ်းစသည့် အသီးအနှံများအား ရေနံချောင်း၊ နတ်မောက်၊ မကွေးမြို့များသို့ သွားရောက်ရောင်းချသည့်အခါ အချိန်တိုအတွင်း ကုန်စည်စီးဆင်းမှု လျင်မြန်စွာရောင်းချနိုင်မည် ဖြစ်သောကြောင့် ၎င်းလမ်းအား လမ်းဦးစီးဌာနပိုင် ကတ္တရာလမ်းဖြစ် တိုးမြှင့် ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်းမေးမြန်းပါသည်။