(ဂ)-သရက်မြို့နယ်၊ ရေမျက်-ပုဏ္ဏားလမ်းပေါ်ရှိ တွင်းလည်ကျေးရွာနှင့် အုတ်ဖိုကျေးရွာတို့အကြား ရာသီမရွေး သွားလာနိုင်သည့် အရှည်ပေ (၂၉၀) ရှိသောပနီချောင်းကူးတံတားတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
ပနီချောင်းသည် နွေရာသီ၌ပင် ရေရှိပြီး ချောင်းထဲတွင် ထန်းလုံးများချ၍ ကားများ သွားလာရပါကြောင်း၊ မိုးရာသီတွင် ချောင်းကျယ်ပြီး ရေစီးအားကြမ်းသဖြင့် ကားများ ဖြတ်သန်းသွားလာ၍မရသောကြောင့် လမ်းပန်းဆက်သွယ်ရေး လုံးဝပြတ်တောက်သွားပါကြောင်း၊ သရက်မြို့နယ်၊ အနောက်တောင်ဘက်ခြမ်းရှိ ပုဏ္ဏားကျေးရွာအပါအဝင် ကျေးရွာပေါင်း ၃၂ ရွာသည် ရေမြေကောင်းမွန်သဖြင့် လယ်ယာထွက်ကုန်များ အမြောက်အမြား ထွက်ရှိသော်လည်း အချိန်မီဈေးကွက်သို့ မပို့နိုင်သဖြင့် ရသင့်သောဈေးနှုန်းများ မရရှိခြင်း၊ အများအပြား စိုက်ပျိုးထုတ်လုပ်လိုသော်လည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် စီးပွားရေး အကြပ်အတည်းဖြစ်ကာ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်သင့်သလောက် ဖွံ့ဖြိုးတိုးတက်မှုမရှိခြင်း၊ လမ်းပန်း ဆက်သွယ်ရေး အခက်အခဲများ ရှိပါကြောင်း၊ ပနီချောင်းကို ဖြတ်သည့် လမ်းတစ်ခုသာ ရှိသည့်အတွက် ဒုက္ခများစွာရောက်ရပြီး မြို့ကို သွားရောက်ကျောင်းတက်ရသည့် ကျောင်းသူကျောင်းသားများသည် ကျောင်းတက်ချိန်တွင် အခက်အခဲများစွာရှိပါသဖြင့် အဆိုပါ ၂၉၀ ပေ ရှိသည့် ရာသီမရွေး သွားလာနိုင်သော ပနီချောင်းကူးတံတားအား တည်ဆောက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။