(ဃ)-ဆောမြို့နယ်၊မင်းလယ်တောရေသွယ်မြောင်း ပျက်စီးမှုအား စိုက်ပျိုးရာသီအမီ အမြန်ဆုံးပြန် လည်ြုပုပြင်ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်း သည့်မေးခွန်း

2020-12-16

မေးခွန်း အကြောင်းအရာ 

kyaw tinမင်းလယ်တောမြောင်းသည် ဆောမြို့နယ်၊ ကျောက်ထုမြို့အနီး ငလွန်းကျေးရွာ၊ သရက်ချဉ်ကျေးရွာနှင့် နသိုးကျေးရွာ သုံးရွာပေါင်း နှစ်သီးစားလယ်ဧက ၅၃၀ ကို ယောချောင်းမှတစ်ဆင့် စိုက်ပျိုးရေ ထောက်ပံ့ဝေသည့် ရေသွယ်မြောင်းဖြစ်ပါကြောင်း၊ ၂၅-၇-၂၀၁၅ ရက်နေ့မှ ၃၁ ရက်နေ့ထိ ရေကြီးမှုကြောင့် မြောင်းဦးရေလွှဲပေါက်အထက်နားတွင် ကွန်ကရစ်ပေါင် ပေ ၂၅၀ ခန့်နှင့် ပန်းဆန်ကျေးရွာ ရေတံခါးအောင် ပေ ၁၅၀ ခန့် စုစုပေါင်း ပေ ၄၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ပါကြောင်း၊ လယ်သမားအင်အားဖြင့် စုပေါင်း၍ ဒေသထွက်သစ်ခတ်ဆည်များ၊ ပီနံမိုးကာများကို အသုံးပြု၍ ယာယီရေသွယ် စိုက်ပျိုးနေရပါကြောင်း၊ ထို့ကြောင့် ပျက်စီးသွားသော ရေလွှဲတံခါးနှင့် မြောင်းပေါင်များအား ရေရှည် တည်တံ့ခိုင်မြဲအောင် လယ်သမားများ၏ အင်အားထုဖြင့် ဆောင်ရွက်နိုင်ခြင်း မရှိသည့်အတွက် နိုင်ငံတော်မှ စိုက်ပျိုးရာသီအမီ အမြန်ဆုံးပြန်လည် ပြုပြင်ပေးစေလိုပါကြောင်း၊ အချိန်မီပြန်လည် ပြုပြင်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ မရှိပါက မည်သည့်အချိန်တွင် ပြန်လည်ပြုပြင်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းလိုပါသည်။