(ခ)-ပြုပြင်ထိန်းသိမ်းရန်လိုအပ်နေသောကင်းတား ဘက်စုံရေလှောင်တမံကြီးအားဆည်တမံနှင့်ရေလွှဲ ဆည်၊ရေသောက်စနစ်ရေရှည်တည်တံ့ခိုင်မြဲရေးတို့ အတွက်စီမံကိန်း၊စီမံချက်များဖြင့်ပြုပြင်ထိန်းသိမ်းရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-16

မေးခွန်း အကြောင်းအရာ 

dr lin lin kyawကင်းတားဘက်စုံစီမံကိန်းကြီးကို ၁၉၈၁ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၉၀ ခုနှစ်တွင် ပြီးစီးခဲ့ ပါကြောင်း၊ သက်တမ်း၂၅နှစ် ရှိပြီဖြစ်သော ကင်းတားဘက်စုံရေလှောင်တမံကြီးကို အစမှ အဆုံးပြုပြင် ထိန်းသိမ်းမှု အားနည်း ခဲ့ပါကြောင်း၊ ရေကိုစုဆောင်းသည့် ရေဆင်းဧရိယာ(Catchment Area) သည် ရှမ်းပြည်နယ် ရွာငံမြို့နယ်၊ ကလောမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီးမှ သာစည်မြို့နယ် တို့ ဖြစ်ပါ ကြောင်း၊ ၎င်းမြို့နယ်မှသစ်တောများသည် သစ်တော ပြုန်းတီးခဲ့သည့် အကျိုးဆက် အနေဖြင့် မိုးရေချိန် များနည်းလာသည့်အတွက်ကန်ထဲသို့ရေဝင်နှုန်းနည်းလာ ခဲ့ပါကြောင်း၊ ထို့အပြင် သစ်တောပြုန်း၍ အမှိုက် နှင့် နုန်းများကို ထိန်းသိမ်း နိုင်ခြင်းမရှိသည့်အတွက်တမံထဲတွင် အနည်ထိုင်သည့်နုန်းများ မြင့် တက် လာခဲ့ပါကြောင်း၊ ထို့ကြောင့် ၎င်းတမံကို ထိန်းသိမ်းရန်အတွက် ဒီ Catchment Area တွင်ရှိသည့် သစ်များ အဆမတန် ဥပဒေမဲ့ထုတ်လုပ်နေသည်ကို သက်ဆိုင်ရာပြည်နယ်/တိုင်းဒေသကြီးအစိုးရနှင့် ဝန်ကြီးဌာနများ ပူးပေါင်းကြပ်မတ်ကာ ထိထိရောက်ရောက်အရေးယူ ကာကွယ်သင့်ပါကြောင်း၊ အထူး သဖြင့် ငလျင်ဒဏ်နှင့်ရေကြီးရေလျှံသည့်အခါ သဘာဝဘေးအန္တရာယ်ကို ဒဏ်ခံနိုင်မှုရှိ/မရှိကို သေချာ စစ်ဆေးပြီး ကြံ့ခိုင်မှုကိုထိန်းသိမ်းပေးစေလိုပါကြောင်း၊ Power Hourse တွင်အသုံးပြုနေသည့် တာပိုင် မှစပြီး အစစအရာရာ ပြုပြင်ထိန်းသိမ်း Update လုပ်ရန်အတွက် စဉ်းစားပေးစေလိုပါကြောင်း၊ လက်ဝဲ/ လက်ယာ၊ ပန်းလောင် ရေသောက်စနစ် များကို Main ကန်ထဲမှစပြီး အောက်ဆုံး လက်တံခွဲမြောင်း အထိ စနစ်တစ်ခုချင်းစီ အပိုင်းလိုက် ပြီးပြတ်အောင် ပြုပြင်ထိန်းသိမ်းရန် လိုအပ်နေပြီဖြစ်ပါကြောင်း၊ အထူးသဖြင့် ရေသောက် စနစ်သုံးခုအတွင်း ပန်းလောင်နှင့် စမာရေသောက်စနစ်ကို Revel Rotate လုပ်ရန် လိုအပ်နေပါကြောင်း၊ ပြုပြင်ထိန်းသိမ်းရန်လိုအပ်နေသော ကင်းတားဘက်စုံ ရေလှောင်တမံ အား ရေဆင်းဧရိယာ သို့မဟုတ် ရေဖမ်း ဧရိယာ၊ ရေဝေရေလဲ ဧရိယာ၊ ရေလှောင် တမံ၊ ရေလွှဲဆည်၊ ရေပေးမြောင်း၊လက်တံမြောင်း၊လက်တံခွဲမြောင်းအထိ ဆည်တမံများ၊ရေလွှဲဆည်နှင့် ရေသောက်စနစ် ရေရှည် တည်တံ့ခိုင်မြဲရေးအတွက် စီမံကိန်းများ၊ စီမံချက်များဖြင့် အစအဆုံးပြုပြင် ထိန်းသိမ်းရန် အစီ အစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပြီး ဆောင်ရွက်ရန်အစီအစဉ် မရှိပါက မည်သည့်အတွက်ကြောင့် ဆောင်ရွက်ပေးနိုင်ခြင်းမရှိသည်ကို သိလိုကြောင်း မေးမြန်းခဲ့ပါသည်။