(ဃ)-ချင်းပြည်နယ်တွင်မြို့နယ်(၉)မြို့နယ်၊မြို့(၆)မြို့ ရှိရာမြို့ပြတည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက် ရန် ပြည်ထောင်စု ရန်ပုံငွေဖြင့်၂၀၁၇-၂၀၁၈ခုနှစ် ဘဏ္ဍာရေး နှစ်တွင် ကျပ်သန်း ၁၀၀၀၀ အား ခွဲဝေ လျာထားပေး ရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
ချင်းပြည်နယ်သည် မြန်မာနိုင်ငံ၏အနောက်ဘက်တွင်တည်ရှိပြီး ခရိုင်(၃)ခု၊ မြို့နယ်(၉)မြို့နယ်၊ မြို့(၆) မြို့နယ်ဖြင့် ဖွဲ့စည်းထားသည့် ပြည်နယ်ဖြစ်ပါကြောင်း၊ ချင်းပြည်နယ်ရှိမြို့များသည် တောင်ပေါ်တွင် တည်ရှိပြီး မြေပြင် ညီညာဖြန့်ဖြူးမှု မရှိခြင်း၊ ချို့ဝှမ်းရေစီးချောင်းများ စီးဝင်မှုများပြားခြင်း နှင့် တောင် ကုန်း ချိုင့်ဝှမ်း များဖြစ်နေခြင်းကြောင့် ပြုပြင်ထိန်းသိမ်းရန် အခက်အခဲများစွာ ရှိနေပါကြောင်း၊ ချင်းပြည်နယ် စည်ပင်သာယာရေးအဖွဲ့သည် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် တွင် ပြည်နယ်ဘတ်ဂျတ်ဖြင့် ကျပ်သန်း ၃၇၂၁.၂၂ ခွင့်ပြုချက်ရရှိပြီး ၂၀၁၆-၁၇ ဘဏ္ဍရေးနှစ်တွင်လည်း ကျပ်သန်း ၂၈၅၅.၂၄ ကို ရရှိခဲ့သော်လည်း မြို့ပြတည်ဆောက်ရေးလုပ်ငန်းများကို ထိရောက် စွာဆောင် ရွက်ပေးနိုင်ခဲ့ခြင်း မရှိပါ ကြောင်း၊ ချင်းပြည်နယ် စည်ပင်သာယာရေး အဖွဲ့အဆင့်ဆင့်၏ မြို့ပြလမ်းတံတားတည်ဆောက်ရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် စိမ်းလန်းစိုပြေရေး၊ သောက်သုံးရေ ဖူလုံစွာရရှိရေး၊ အခြား စည်ပင်သာ ယာရေးဆိုင်ရာ လုပ်ငန်းများ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုရန်ပုံ ငွေနှင့် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်း ၁၀၀၀၀ ခွဲဝေချထားပေး ရန် အစီအစဉ်ရှိ/မရှိကို သိလိုပါ ကြောင်း မေးမြန်း ခဲ့ပါသည်။