(က)- မြန်မာနိုင်ငံအနေဖြင့်တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကြားလွတ်လပ်သောကုန်သွယ်ရေးနယ်မြေ (Free Trade Area)စာချုပ်မျိုးချုပ်ဆိုထားခြင်းရှိ၊မရှိ၊ရောမ စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးရန်အစီအစဉ်ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-16

မေးခွန်း အကြောင်းအရာ 

u myint lwinမိမိတို့နိုင်ငံအနေဖြင့် တစ်ချိန်က နိုင်ငံတကာစင်မြင့်  ဂုဏ်ရှိန်မြင့်မားခဲ့သည့်အပြင် ကမ္ဘာ့ကုလ သမဂ္ဂတွင်လည်း အတွင်းရေးမှူးချုပ်ရာထူးရရှိတဲ့အထိ နိုင်ငံ၏ ဂုဏ်သိက္ခာမြင့်မားခဲ့ ပါကြောင်း၊ ထို့ကြောင့် တစ်ချိန်က မြင့်မားခဲ့သော ဂုဏ်သိက္ခာ ကို ပြန်လည် ရရှိအောင် ပြည်ထောင်စု အစိုးရတွင် ရေတိုရေရှည် မဟာဗျူဟာနည်းဗျူဟာများ စီစဉ်ချမှတ်ထားခြင်းရှိ/မရှိ သိရှိလိုပါကြောင်း၊ ဒုတိယမေးခွန်းအနေဖြင့် ယနေ့ ကမ္ဘာပေါ်တွင် နိုင်ငံမျးသည် မိမိတို့နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် Free Trade Agreement(FTA) ဟုခေါ်သော လွတ်လပ်သောကုန်သွယ်မှု စာချုပ်များ ချုပ်ဆိုပြီး တစ်နိုင်ငံနှင့် တစ်နိုင်ငံ စီးပွားရေးအပြန်အလှန် ကူးလူးဆက်ဆံ၍ ကိုယ့်အမျိုးသား အကျိုးစီးပွားကိုမြှင့်တင်ရပါကြောင်း၊ မြန်မာနိုင်ငံတွင် (FTA) စာချုပ်ချုပ်ထားသည့် နိုင်ငံရှိ/မရှိနှင့် အကယ်၍ ရှိပါက နောင်တွင် (FTA) စာချုပ် ချုပ်ဆိုရန် အစီအစဉ်ရှိ မရှိကိုသိလိုပါကြောင်း၊ တတိယမေးခွန်းအနေဖြင့် လူမျိုးတုန်း သတ်ဖြတ်မှုနှင့် စစ်ရာဇဝတ်မှုများ တားဆီးရန် ရောမစာချုပ်မှ ဖြစ်တည်လာသည့် နိုင်ငံတကာရာဇဝတ်ခုံရုံး(International Criminal Court)ကို နယ်သာလန်နိုင်ငံမြို့တွင် ထူထောင်ထားရှိရာ မိမိတို့နိုင်ငံအနေဖြင့် အဆိုပါ ရောမ စာချုပ် (Rome Statue) လက်မှတ်ရေးထိုးရန် အစီအစဉ်ရှိ/မရှိ  သိရှိလိုပါကြောင်း မေးမြန်းပါသည်။