(ခ) - တန့်ယန်းမြို့နယ်ပြည်သူ့ဆေးရုံ အားခုတင် (၂၅)ဆံ့ ဆေးရုံမှ ခုတင်(၅၀)ဆံ့ ဆေးရုံအဖြစ်သို့ တိုးမြှင့်ဖွင့်လှစ်ပေးရန်အစီအစဉ်ရှိ၊မရှိ နှင့်စပ်လျဉ်း သည့် မေးခွန်း

2020-12-16

မေးခွန်း အကြောင်းအရာ 

sai aung pwintတန့်ယန်းမြို့သည် ခရိုင်ပြည်သူ့ဆေးရုံကြီးရှိရာ လားရှိုးမြို့နှင့် ၈၅ မိုင်ဝေးပြီး လူဦးရေ ၁၇၀၀၀၀ ကျော်၊ အိမ်ထောင်စု ၃၁၅၉၈ စု နေထိုင်ပါကြောင်း၊ တန့်ယန်းမြို့နယ်ပြည်သူ့ဆေးရုံသည် ၂၅ ခုတင် ဆံ့ဆေးရုံ အဖြစ် ဆောင်ရွက် ခဲ့သည်မှာ နှစ်ပေါင်း ၂၀ ခန့်ရှိပြီး တိုက်နယ်ဆေးရုံသုံးခု ဖွင့်ထားသော်လည်း ဝန်ထမ်းနှင့်ဆေးရုံသုံး ပစ္စည်းများပိုမိုပြည့်စုံသော မြို့နယ်ပြည်သူ့ ဆေးရုံကိုသာ လူနာများ အားကိုး အားထား ပြုကြပါကြောင်း၊ ယခုတိုးပွား လာသော လူဦးရေနှင့် ဆေးရုံသည် မျှတမှုမရှိသည့်အတွက် ဆေးကုသမှုခံယူရသည့် လူနာများအတွက် အခက်အခဲနှင့် ကြုံတွေ့နေရပါကြောင်း၊ ဆေးရုံအား အဆင့် တိုးမြှင့်ပြီး ဝန်ထမ်းအင်အား၊ ဆေးဝါးပစ္စည်းကိရိယာ အင်အားများ လုံလောက်စွာ ပံ့ပိုးပေးပါရန် ကျန်းမာရေးဝန်ထမ်းနှင့် ပြည်သူများမှ တင်ပြလာပါကြောင်း၊ သို့ဖြစ်ပါ၍ တန့်ယန်းမြို့နယ် ပြည်သူ့ဆေးရုံအား ၂၅ ခုတင်ဆံ့ဆေးရုံမှ ခုတင် ၅၀ ဆံ့ဆေးရုံအဖြစ်သို့ အဆင့်တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် တိုးမြှင့်ပေးရန် အစီအစဉ် မရှိပါကလည်း မည်သည့် ခုနှစ်တွင် ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလို ပါကြောင်း မေးမြန်း ပါသည်။