(ဂ) - ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ် တွင် ဝေါ မြို့ နယ် ပြည် သူ့ ဆေး ရုံ အား(၂၅) ခုတင်ဆံ့ဆေး ရုံမှ (၅၀)ခုတင်ဆံ့ ဆေးရုံ အဖြစ်အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးရန် အစီ အစဉ်ရှိ၊မရှိ နှင့်စပ် လျဉ်း သည့် မေးခွန်း

2020-12-16

မေးခွန်း အကြောင်းအရာ 

tin htweဝေါမြို့နယ်သည် ပဲခူးတိုင်းဒေသကြီးအတွက် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီး တို့၏ ဝင်ပေါက်ဖြစ်သော လမ်းမကြီးပေါ်တွင်ရှိသည့် မြို့နယ်ဖြစ်ပါကြောင်း၊ မြို့နယ်၏ အကျယ်သည် ၃၇၆ စတုရန်း မိုင်ကျယ်ဝန်းပြီး တစ်စတုရန်း ကီလိုမီတာတွင် လူဦးရေ ၅၃၆.၂ နေထိုင်သည့် မြို့နယ်ဖြစ်ပါကြောင်း၊ မြို့နယ်တွင် ကျန်းမာရေးဌာနတစ်ခု၊ တိုက်နယ်ဆေးရုံ လေးခုရှိပြီး ကျန်းမာရေးဌာနခွဲ ရှစ်ခုရှိ ပါကြောင်း၊ ဝေါမြို့နယ်ဆေးရုံတွင် လူနာ၏ရောဂါ အခြေ အနေ အနည်းငယ်ပြင်းထန် ပါက ဆေးရုံတွင်လက်မခံဘဲ အခြားဆေးရုံများသ့ို လွှဲပြောင်းပေးသည်က များသည့်အတွက် ဆေးရုံတွင် လူနာများ ရှင်းနေသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ ဆေးရုံအနေအထား၊ မြို့နယ်၏ အနေ အထားနှင့် လူနာအနေအထားပေါ်မှုတည်ပြီး ခုတင်၅၀ ဆံ့ဆေးရုံဖြစ်သင့်ပါကြောင်း၊ပြီးခဲ့သည့် ပထမ အကြိမ်ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် ဝေါမြို့နယ်လွှတ်တော်ကိုယ်စားလှယ်မှ တင်ပြတောင်းခံ သည့်အခါ ကျန်းမာရေး ဝန်ကြီး ဌာန မှ ဆောင်ရွက်ပေးပါမည်ဟု ကတိပြုထားခဲ့ပါ ကြောင်း၊ သို့သော် ကတိကဝတ် ပျက်သည့်အတွက် ယခုဒုတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေး တွင် မိမိအနေ ဖြင့် ၂၅ ခုတင်ဆံ့ မှ ခုတင်၅၀ဆံ့ဆေးရုံ အဖြစ် ပြန်လည် တင်ပြတောင်း ခံခြင်းဖြစ် ပါကြောင်း၊ ဆေး ဝါးကုသမှုနှင့် ကုသမှုဆိုင်ရာပစ္စည်းများ ပြည့်စုံသည့် ခုတင် ၅၀ ဆံ့ဆေးရုံရရှိမည်ဆိုပါက အဆင်ပြေမည်ဖြစ်သည့်အတွက် ၂၀၁၆-၁၇ ခုနှစ်တွင် မဖြစ်နိုင်သည့်တိုင်အောင် မည်သည့် ခုနှစ် တွင် ဆောင်ရွက်ပေးနိုင် မည်ဆို သည်ကို သိရှိလိုပါကြောင်းဖြင့်မေးမြန်းခဲ့ပါသည်။