(ဃ)-မြောက်ဥက္ကလာပမြို့နယ်(ဂ)ရပ်ကွက်ရှိမဏ္ဍိုင် အားကစားကွင်းကိုမြို့နယ်အဆင့်၊အဆင့်မြင့်အား ကစား ကွင်းကြီး အဖြစ် သက်ဆိုင်ရာမှ ဆောင် ရွက် ပေးနိုင်ခြင်းရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ် ရပ်ကွက်၊ ဝေဘာကီမြို့သစ် ရပ်ကွက် အပါအဝင် ရပ်ကွက်ပေါင်း ၁၉ ခုနှင့် ဖွဲ့စည်းထားသောမြို့နယ်ဖြစ်ပြီး လူဦးရေ သုံးသိန်း ကျော် ခန့်ရှိ ပါကြောင်း၊ ယခင်က မြို့နယ်အဆင့်အားကစားကွင်းကြီးများ ရှိခဲ့သော်လည်း ပျောက်ကွယ် သွားသည်မှာ နှစ်ပေါင်းကြာမြင့်ခဲ့ပြီဖြစ်ပါကြောင်း၊ မြောက်ဥက္ကလာပမြို့နယ်အတွက် မြို့နယ်ကြီးတစ်ခု ၏ အင်္ဂါ ရပ်များနှင့် ပြည့်စုံစေရန်အတွက်လည်းကောင်း၊ မြို့နယ် အတွင်းမှာရှိသည့် လူငယ်/လူရွယ် များ အားကစား လှုပ်ရှားမှုများ ပြုလုပ်နိုင်ရန် အတွက်လည်းကောင်း၊ မြို့နယ်အဆင့်အားကစား ပြိုင်ပွဲများ ကျင်း ပနိုင် ရန်နှင့် ကျန်းမာကြံ့ခိုင်သော နိုင်ငံ့သားကောင်းများ ပေါ်ထွက်နိုင်စေရန်အတွက် မြို့နယ်အဆင့် အဆင့်အတန်းမြင့်သော အားကစားကွင်းကြီးတစ်ခု လိုအပ်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ ၍ မြောက်ဥက္က လာပ မြို့နယ်ရှိ (ဂ)ရပ်ကွက်အတွင်း ရှိသော မဏ္ဍိုင်အားကစားကွင်းကြီးကို မြို့နယ်အဆင့် အဆင့်မြင့် အားကစား ကွင်းကြီး အဖြစ် သက်ဆိုင်ရာမှ ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိနှင့် ရှိပါက မည် သည့် အချိန် ကာလတွင် ဆောင်ရွက်ပေးနိုင်မည်ကို သိလိုပါကြောင်းမေးမြန်းခဲ့ပါသည်။