(င)-ပုသိမ်ခရိုင်၊ကန်ကြီးထောင့်မြို့နယ်၊ဒါးကတိုက် နယ် တွင် ခုတင် (၁၆) လုံးဆံ့ တိုက် နယ်ဆေးရုံ တည်ဆောက်ဖွင့်လှစ်ပေးနိုင်ခြင်း ရှိ၊ မရှိ နှင့်စပ် လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ် ဒါးက ကျေးရွာအုပ်စုသည် အိမ်ခြေ ၁၅၃၉ အိမ်၊ အိမ်ထောင်စု ၁၅၅၇ စု၊ လူဦးရေ ကျား/မပေါင်း ၇၇၁၁ ဦး နေထိုင်သော တိုက်နယ်အဆင့်ကျေးရွာ အုပ်စုကြီးဖြစ်ပြီး ပုသိမ်- ရန်ကုန် ကားလမ်းမကြီးပေါ် မိုင်တိုင်အမှတ်(၂၂/၂)တွင် တည်ရှိကာ ကန်ကြီး ထောင့်မြို့နှင့် ခုနစ်မိုင် ကွာဝေးပါကြောင်း၊ ဒါးကကျေးရွာသည် ကန်ကြီးထောင့်မြို့နယ်နှင့် ကွာဝေးခြင်းမရှိသော်လည်း ဒါးကကျေးရွာအုပ်စုကိုအမှီပြုနေထိုင်ကြရသည့် ဝက်တိုး၊ ပျဉ်းမငူ၊ ညောင်ကုန်း၊ ဆိပ်သား၊ ညောင်ချောင်း၊ သရက်ချောင်း၊ သဖန်းကူကျေးရွာအုပ်စုများရှိ အိမ်ခြေပေါင်း ၄၆၇၅ အိမ်၊ အိမ်ထောင်စု ၄၄၉၃ စု၊ လူဦးရေ ကျား/မပေါင်း ၂၂၂၆၅ ဦးတို့သည် ကန် ကြီးထောင့် ဆေးရုံနှင့်အလှမ်း ကွာဝေးပြီး လမ်းပန်းဆက်သွယ်ရေးအခက်အခဲရှိသည့် ကျေးရွာအုပ်စုများဖြစ်သဖြင့် ကျန်းမာရေးနှင့် ပတ်သက်သည်များကို ဒါးကကျေးလက်ကျန်းမာရေးဌာနကိုသာ အားကိုးနေရပါ ကြောင်း၊ အထူးသဖြင့် မြွေကိုက်ခံရသောလူနာများ၊ ကလေးမွေးမရသောလူနာများသည် လမ်းပန်း ဆက်သွယ်ရေး အခက် အခဲကြောင့် ဆေးရုံသို့အချိန်မီ သွားရောက်နိုင်ခြင်းမရှိသဖြင့် အသက် ဆုံးရှုံးမှုများ ရှိနေရပါကြောင်း၊
သာပေါင်းမြို့နယ်နှင့် အလှမ်းကွာဝေးသော လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ဒါးက ကျေးရွာအနီး သာပေါင်းမြို့နယ်အတွင်းရှိ ကျေးရွာ စုစုပေါင်း ၂၃ ရွာ၊ အိမ်ထောင်စု စုစုပေါင်း ၂၉၉၅ စု၊ လူဦးရေ ၁၀၀၁၄ ဦးသည်လည်း ဒါးကကျေးလက် ကျန်းမာရေးဌာနကို အမှီပြု၍ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်နေရပါကြောင်း၊ ဒါးကကျေးရွာအုပ်စုတွင် ကျေးလက် ကျန်းမာရေးဌာန အဆင့် သာရှိပြီး ကျန်းမာရေးမှူးတစ်ဦး အပါအဝင် ကျန်းမာရေး ဝန်ထမ်းပေါင်း ၆ ဦးဖြင့် အထက်ဖော်ပြပါ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ကျေးရွာအုပ်စုများ၏ ပြည်သူများ အတွက် ကျန်း မာရေးစောင့်ရှောက်မှု ကို ဆောင်ရွက်နေရပါကြောင်း၊ နိုင်ငံတော်မှ ခုတင် ၁၆ လုံးဆံ့ တိုက်နယ်ဆေးရုံတစ်ရုံ ချထားပေးနိုင်မည် ဆိုပါက ပြည်သူများမှ ဝမ်းသာ အားရ မျှော်လင့် နေပါ ကြောင်းနှင့် ဆေး ရုံဆောက် လုပ်ရန် အတွက် မြေနေရာကို ပုသိမ်-ရန်ကုန် ကားလမ်းမ ဘေးရှိ မြေအကျယ်အဝန်း ၄ ဧကရှိသော မြေနေရာအား ကျေးရွာအစီအစဉ်ဖြင့် စီစဉ် ဆောင်ရွက် ထားရှိပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်ရှိ ဒါးက တိုက်နယ်တွင် ခုတင် ၁၆ လုံးဆံ့ တိုက်နယ်ဆေးရုံတစ်ခု ဖွင့်လှစ်ပေးနိုင်ခြင်း ရှိ/မရှိ နှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် တည်ဆောက်ပေးနိုင်မည်၊ အစီအစဉ်မရှိပါက မည်သည့် အ တွက်ကြောင့်ဖြစ် သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။