(စ)-ဟုမ္မလင်းမြို့နယ်၊ပါဟုတ်ကြီးကျေးရွာတွင်တိုက် နယ်ဆေးရုံတစ်ခုဖွင့်လှစ်ပေးရန်နှင့်အသစ်ခွဲဝေချ ထားပေးသောကျန်းမာရေးဌာနနှင့်ကျန်းမာရေးဌာန ခွဲများတွင်ကျန်းမာရေးဆရာ/မများခန့်ထားပေးနိုင်ခြင်း ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
ဟုမ္မလင်းမြို့နယ်သည် ၄၃၂၆.၄၄၈ စတုရန်းမိုင်ကျယ်ဝန်းပြီး မိမိတို့နိုင်ငံတွင် အကျယ်ဝန်းဆုံး မြို့နယ် တစ်ခုအဖြစ် ပါဝင်ပါကြောင်း၊ ဘိုကုန်း အထက်ဘက် ဘိုကုန်း၊ နန်းနစ်၊ ပတ္တလားအထိ ဟုမ္မလင်း မှ ရေမိုင် ၁၄၉ မိုင်ကွာဝေးပါသဖြင့် ဘိုကုန်းမှ နန်းနစ်၊ မန်စိမ်း၊ ပတ္တလာကိုသွားလာရန်ချောင်းရိုးအတိုင်း ပြန်စုန်ဆင်းပြီး ချောင်းရိုးအတိုင်း ပြန်တက်ရသည့်အတွက် တာဝန်ကျဆရာမသည် ဘိုကုန်း၊ နန်းနစ်၊ ပတ္တလားကို တစ်နှစ်တွင် တစ်ခေါက်တောင် မရောက်နိုင် ပါကြောင်း၊ ထို့ပြင် ဥရုမြစ် တစ် လျှောက် ရွှေမျောကြောင့် ပေါ်ပေါက်လာသော ပြည်ထဲရေးအမည်မပေါက်သေးသည့် ကျေးရွာ အများ အပြား ပေါ်ပေါက်နေပြီဖြစ် ပါကြောင်း၊ ဒေသ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဟုမ္မလင်းမှ ၁၈ မိုင်ဝေးသည့် နောင်ပေါင်ကျေးရွာအထိ တိုက်နယ်ဆေးရုံတစ်ရုံရှိပါကြောင်း၊ ၃၈ မိုင်ဝေးသည့် နန်တော ကျေးရွာတွင် တိုက်နယ်ဆေးရုံ တစ်ရုံရှိပြီး ၁၄၉ မိုင်အကွာအဝေးတွင် တိုက်နယ်ဆေးရုံ နှစ်ရုံသာရှိပြီး နန်တောအထက် မိုင်ပေါင်း ၁၀၀ ကျော်တစ်လျှောက်တွင် တိုက်နယ်ဆေးရုံတစ်ရုံမှ မရှိတော့ ပါ ကြောင်း၊
ပါဟုတ်ကြီးဒေသတွင် နေထိုင်ကြသော ဒေသခံများအနေဖြင့် ဆရာဝန်များဖြင့် ကုသခံယူမှု မရှိနိုင်ဘဲ လိုင်စင်မရှိ အပ်ကိုင်ဆရာဆရာမများကိုသာ အားကိုးအားထားပြုနေရသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ ကြာင့် ပါဟုတ်ကြီးဒေသတွင် တိုက်နယ်ဆေးရုံတစ်ရုံ ဖွင့်လှစ်ပေးသင့်ပါကြောင်းနှင့် ဖွင့်လှစ် ပေးရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်းနှင့် ဟုမ္မလင်းဒေသအတွက် လစ်လပ်နေသော ကျန်းမာ ရေး ဝန်ထမ်း များကိုအလျင်အမြန် ခန့်ထားပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။