(ဆ)-ပေါက်တောမြို့နယ် ပြည်သူ့ဆေးရုံကိုခုတင် (၂၅) လုံးဆံ့ ဆေးရုံ အဆင့်မှ ခုတင် (၅၀) ဆံ့ စံ ကိုက်ဆေးရုံအဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ပေးရန်အစီ အစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-16

မေးခွန်း အကြောင်းအရာ 

u aung kyaw zanရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်သည် စစ်တွေခရိုင်အတွင်း တည်ရှိပြီး စတုရန်းမိုင် ၄၁၃.၇၄ ကျယ်ဝန်းပါကြောင်း၊ အိမ်ခြေ ၃၅၈၉၉၊ လူဦးရေ ၁၈၅၁၂၉ ဦး ရှိပြီး မြို့နယ်၏ တည်နေရာသည် ကုလား တန်မြစ်ဝှမ်းအတွင်း ကျရောက်သည့်အတွက် မြစ်ချောင်းများ အလွန်ပေါများသောကြောင့် ရေလမ်းခရီးဖြင့်သာ သွားနေရပါကြောင်း၊ မြို့နယ်တွင် တိုက်နယ်ဆေးရုံတစ်ရုံနှင့် ကျေးလက်ကျန်းမာရေး ဌာနများ ရှိသော်လည်း အများစုမှာ မြို့နယ်ဆေးရုံကိုသာ  အားကိုးအားထားပြုရပါကြောင်း၊        

၂၀၁၅ ခုနှစ်တွင် လူနာဦးရေ ၂၅၈၉ ဦး၊ ဆေးရုံပြင်ပ လူနာဦးရေ ၂၉၀၈ ဦး၊ တစ်နေ့ပျမ်းမျှ ဆေးရုံတက်သည့် လူနာဦးရေ ၂၂.၅ ဦး၊ တစ်နေ့ပျမ်းမျှ အပြင်လူနာဦးရေ ၁၁.၈ ဦးရှိပါကြောင်း၊ ထို့ကြောင့် ခုတင် ၂၅ ဆံ့ဆေးရုံ တိုးချဲ့ဆောင်ဆောက်လုပ်ပြီး ကုသနေရပါကြောင်း၊ လူနာများ များလွန်းသည့်အတွက် လူသွားလမ်း နေရာများတွင် နေရာချထားပြီး ကုသနေရသည်မှာ စိတ်မကောင်းဖြစ်မိပါကြောင်း၊ လက်ရှိဆေး ရုံသည် ၄.၇၁ ဧရိယာကျယ်ဝန်းပြီး ဂရန်ရရှိပြီး မြေဖြစ်ပါကြောင်း၊ မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် ဆေးရုံကြီးကြပ်ရေးကော်မတီဝင်များ ကွင်းဆင်းပြီး နေရာရွေးချယ်ခဲ့သည့်အခါ ခုတင် ၅၀ ဆံ့ဆေးရုံအတွက် လက်ရှိဆေးရုံဝန်းအတွင်း လုံလောက်သည့် မြေအနေအထားရှိပါကြောင်း၊ ပေါက်တောမြို့နယ် ပြည်သူ့ဆေးရုံကို ခုတင် ၅၀ ဆံ့ စံကိုက်ဆေးရုံအဖြစ်သို့ တိုးမြှင့်ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်ကာလတွင် ဖွင့်လှစ်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။