(ဂ)-နှစ်ကရင်ကျေးရွာအုပ်စုအတွက်(၁၆)ခုတင်ဆံ့ တိုက်နယ်ဆေးရုံတစ်ရုံနှင့်ပလိုင်ကီးကျေးရွာအုပ်စု အတွက်ကျေးလက်ကျန်းမာရေးဌာနခွဲ(အသစ်)တို့ အားလာမည့်ဘဏ္ဍာရေးနှစ်များအတွင်း တည်ဆောက်ပေးနိုင်ခြင်း ရှိ၊ မရှိ နှင့်စပ်လျဉ်း သည့်မေးခွန်း
ရးမြို့နယ် နှစ်ကရင်ကျေးရွာအုပ်စုသည် လူဦးရေသုံးသောင်းကျော်ရှိသည့်အတွက် ကျန်းမာရေး စောင့်ရှောက် မှုချိုးမှာ ၁၉၉၀း၁ ဖြစ်ပါကြောင်း၊ ကျေးရွာပေါင်း ၁၈ ရွာ၊ အိမ်ထောင်စုပေါင်း ၅၁၉၅ ရှိပါကြောင်း၊ လမိုင်းတွင် နှစ်ကရင်တိုက်နယ်ဆေးရုံ ရှိပါပြီး ၉ မိုင်သာကွာဝေးပါကြောင်း၊ ရေးမြို့နှင့် နှစ်ကရင် ကျေးရွာသည် ၄၅ မိုင်လောက်ဝေးပြီး၊ လူဦးရေ ၅၀၀၀ လောက်ရှိပါကြောင်း အများသောအားဖြင့် တံငါလုပ်ငန်း ကိုလုပ်ကိုင်ပါ ကြောင်း၊ တပ်မတော်(ရေ)လည်း အမြဲတမ်းရှိပါကြောင်း၊ ပလိုင်ကီးကျေးရွာအုပ်စုတွင် ကျေးရွာပေါင်း ခြောက်ရွာရှိပြီး ရေးမြို့နှင့် ၅ မိုင်၊ လမိုင်း တိုက်နယ်ဆေးရုံနှင့် ၁၆ မိုင်ကွာဝေး ပါကြောင်း၊ ထို့ကြောင့် ပလိုင်ကီး ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ Sub Center ဆောက်လုပ်နိုင်ခြင်းရှိ/မရှိ နှင့် နှစ်ကရင်ကျေးရွာ အုပ်စုတွင် ၁၆ ခုတင်ဆံ့ ဆေးရုံတစ်လုံးကို လာမည့် ပြည်ထောင်စု ဘတ်ဂျက်တွင် တည်ဆောက်နိုင်ခြင်း ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။