(က)-မြို့နယ်စာရင်းစစ်ရုံးများတွင်မြို့နယ်စာရင်းစစ် အရာရှိ အဆင့်ကို လက်ထောက်ညွှန်ကြားရေးမှူး အဆင့်သို့ တိုးမြှင့်သတ်မှတ်ပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-16

မေးခွန်း အကြောင်းအရာ 

than soeဒသမပုံမှန်အစည်းအဝေးတွင် မြို့နယ်စာရင်းစစ်အရာရှိများကို လက်ထောက် ညွှန်ကြားရေးမှူးအဆင့်သို့ တိုးမြှင်‌့သတ်မှတ်ပေးရန်အစီအစဉ်ရှိ/မရှိကို ကြယ်ပွင့်ပြမေးခွန်းအဖြစ် မေးခဲ့ပါကြောင်း၊ သို့သော်လည်း ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ လက်ရှိအစိုးရသက်တမ်းကာလအတွင်း ပြီးပြတ်အောင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသည့်အတွက် နောင်ဘဏ္ဍာနှစ်များတွင် ဖွဲ့စည်းပုံတိုးချဲ့ ခွင့်ပြုချက်နှင့်အညီ ရန်ပုံငွေရရှိခဲ့ပါက ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။ သို့ဖြစ်ပါ၍ မြို့နယ်စာရင်းစစ်ရုံးများမှ စာရင်းစစ်အရာရှိများကို လက်ထောက်ညွှန်ကြားရေးမှူးအဆင့်သို့ တိုးမြှင့်သတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။