(စ)-မတ္တရာမြို့နယ်၊ဆင်ကျွန်းကျေးရွာအားရေတိုက် စားမှုကြောင့် ကမ်းပါးပြိုခြင်း မဖြစ်ပေါ်အောင်ကာ ကွယ်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မ ရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-16

မေးခွန်း အကြောင်းအရာ 

zaw min lwinရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မန္တလေးတိုင်းဒေသကြီးရုံးတွင် အရေးပေါ်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည့်အတွက် ကျေးဇူူးတင်ရှိပါကြောင်း၊ သို့သော် ကမ်းပါး လုံးဝမပြိုအောင် ဆောင်ရွက်ပေးနိုင်ခြင်းမရှိသည်အတွက် ထပ်မံ၍ အိမ်ခြေ ၆၅ လုံး ဆုံးရှုံးခဲ့ရပါကြောင်း၊ ရွှေ့ပြောင်းရသည့် အိမ်ခြေများ၏ စုစုပေါင်းအကျယ်ဧက ၁၃ ဧကခန့်နှင့် လုပ်စားမြေဧက ၂၀ ခန့် ဆုံးရှုံးခဲ့ပါကြောင်း၊ နေအိမ်များကို အချိန်မီ ရွေ့ပြောင်းနိုင်ခဲ့သော်လည်း ပြန်လည် ချထားရန်အတွက် မြေနေရာဝယ်ယူရာတွင် ၂၀ ပေ၊ ၃၀ ပေ တစ်ကွက်လျှင် ငွေကျပ် သိန်း ၂၀မှ ၄၀ အထိ ပေး ဝယ်ရသည့် အနေအထားဖြစ်နေပါကြောင်း၊  ယခုအချိန်တွင် အဆိုပါကျေးရွာရှိ အခြေခံမူလတန်းလွန်ကျောင်းသည်  ကမ်းပါးနှင့်အလွန်နီးကပ်နေပြီဖြစ်သော်လည်း ကျောင်းရွှေ့ရန်အတွက် မြေကွက် ရောင်း မည့်လူမရှိသည့်အခြေအနေနှင့် ရင်ဆိုင်နေရပါကြောင်း၊

နှစ်စဉ်နှစ်တိုင်း မြစ်ရေတိုက်စားခံရသည့် အကြောင်းအရင်းကို လေ့လာရာတွင် ကောင်းကင် ဓာတ်ပုံမှတ်တမ်းအရ ၂၀၀၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ မြစ်ရေ တိုက်စားခြင်းသည် ပေပေါင်းအရှည် ၃၀၀၀ ကျော် တိုက်စားခဲ့ပြီ ဖြစ်ပါကြောင်း၊  ဧရာဝတီမြစ်အလယ်ခေါင်တွင် သဲသောင်များ ဖြစ်ပေါ် လာခြင်းတို့ကြောင့်လာခြင်းတို့ကြောင့်မြစ်ရေတိုးသည့်အချိန်တွင် ကမ်းပြိုမှုများ ပိုမိုဖြစ်စေခဲ့ပါကြောင်း၊ တိုင်းဒေသကြီးအဆင့်အနေဖြင့်ကမ်းပါး၏ ရေထိန်းနံရံလောက်သာလျှင်လုပ်ပိုင်ခွင့်ရှိပြီး မြစ်အလယ် ခေါင်ရှိ သောင်များဖြိုဖျက်ခြင်း၊ ရေကြောင်းထိန်းသိမ်း ခြင်းတို့အတွက် ပြည်ထောင်စုအဆင့်က လုပ်ပေးနိုင် မှ သာဆောင်ရွက်နိုင်မည်ဖြစ်ခြင်းကြောင့်ပြည်ထောင်စုအစိုးရအနေဖြင့်ဧရာဝတီမြစ်ကြောင်း ခွဲဖြာစီးဆင်းခြင်းများ မဖြစ်ပေါ်စေရေးအတွက် မြစ်ကြောင်း ထိန်းသိမ်းရေးကို လုပ်ဆောင်ပေး သင့်ကြောင်းကို လည်း တိုက်တွန်းပါကြောင်း၊  

သဲသောင်ခုံကို ဖယ်ရှားခြင်းမပြုနိုင်ပါက ဆင်ကျွန်း၊ နန်းတော်ကျွန်း၊ ရွာသာအေး၊ သပြေသာ၊ ဥဒေါင်း၊ စွန်းလွန်းကျေးရွာများကိုပါ တိုက်စားလာဖွယ်ရှိပါကြောင်း၊ လေစောင်းထက် ရေစောင်းက ပို၍ထက်၏ ဆိုရိုး အ တိုင်း ဖြစ်ပေါ် လာ မည် ဆိုပါက ၄ မိုင်ခန့်သာကွာဝေးသော မန္တလေးမြို့ကို ဧရာဝတီမြစ်ကြောင်းသည် ပြောင်းလဲဖြစ်ပေါ်လာပြီး ဆုံးရှုံးမည့်အရေးကို စိုးရိမ်ရသည့်အတွက် ဆင်ညွှန်းကျေးရွာအား ကမ်းပါးပြိုမှုမဖြစ်ပေါ်အောင် ထိရောက်သော ကာကွယ်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ၊ ရှိမည်ဆိုပါက မည်သည်‌့အချိန်တွင် ဆောင်ရွက်ပေးပါမည်နည်းကို သိရှိလိုပါသဖြင့် မေးမြန်းပါသည်။