(ဈ)-ပဲခူးတိုင်းဒေသကြီးအတွင်းရှိလယ်ယာမြေလုပ် ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) ရရှိထားသောတောင် သူလယ်သမားများအားအချိန်မီစိုက်ပျိုးစရိတ်ချေးငွေ များထုတ်ချေးပေးရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်း သည့်မေးခွန်း

2020-12-16

မေးခွန်း အကြောင်းအရာ 

u myint theinပဲခူးတိုင်းဒေသကြီးမှာ (ပုံစံ-၇) လက်ဝယ်တွင်ရှိပြီး လယ်ယာမြေမှတ်ပုံတင်ကတ်လည်း ရှိလျက်နှင့် တောင်သူလယ်သမားအချို့သည် စိုက်ပျိုးစရိတ်ချေးငွေမရရှိသည်ဟု သိရပါကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်ပြီး လေ့လာ စုံစမ်း ကြည့်ရာတွင် တိုင်းဒေသကြီး ဘဏ်မန်နေဂျာက ညွှန်ကြားချက် ထုတ်ထားပါကြောင်း၊ ယခုနှစ်တွင် ချေးငွေအသစ် လျှောက်ထားသူများကို (ပုံစံ-၇) ရှိပြီး ကြွေးကျန်လည်း မရှိသော် လည်း ထုတ်ချေး မပေးရန် ညွှန်ကြား ထား ပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးက လွှတ်တော်တွင် လာရောက်ရှင်းပြရာတွင် လယ်တစ်ဧကကို စိုက်ပျိုးစရိတ်ချေးငွေ ၁၅၀၀၀၀ ပေးပြီး ၁၀ ဧကအထိ ပေးမည်ဟု ရှင်းပြခဲ့ပါကြောင်း၊ ထိုသို့ ရှင်းပြခဲ့စဉ်က အဟောင်းများ၊ အသစ်များ မှ ချေးမည်ဆိုတာမျိုး မပါရှိပါကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုး စီးပွား မြင့်တင်ရေး ဥပဒေပုဒ်မ ၈ တွင် ဦးဆောင် အဖွဲ့သည် တောင်သူ လယ်သမား များအား အောက်ပါ အခွင့်အရေးများကို ရရှိစေရန် ညှိနှိုင်းကူညီ ဆောင်ရွက်ပေးရမည်ဖြစ်ပြီး ပုဒ်မခွဲ(ခ)တွင် သင့် တင့်သော စိုက်ပျိုးစရိတ်ချေးငွေများ ချေးယူခွင့်ဟု ရေးထားပါကြောင်း၊ ပုဒ်မ ၁၆ တွင် ဦးဆောင် အဖွဲ့သည် ချေးငွေ အကူအညီနှင့် အထောက် အပံ့များကို အမှန်တကယ် ခံစားခွင့် ရှိသော တောင်သူ လယ်သမား များ လက်ဝယ်သို့ အပြည့်အဝရရှိစေရန် စီမံဆောင်ရွက်ပေးရမည်ဟု ရေးထားပါကြောင်း၊ ယခု တိုင်းဒေသကြီး မန်နေဂျာ၏ အမိန့်ညွှန်ကြားချက်သည် ဥပဒေ ကို ကျော် လွန်နေဟု ယူဆပါကြောင်း၊ ထို့ အပြင် ပြည်ထောင်စုဝန်ကြီး၏ ညွှန်ကြားချက်ကိုလည်း လွန်ဆန်ရာကျပါကြောင်း၊

တောင်သူလယ်သမားအများစုသည် ချေးငွေများ ပြန်ဆပ်ကြခြင်းသည် အဆင်ပြေ၍ ပြန်ဆပ်ခြင်း မဟုတ်ဘဲ အတိုးကြီးနှင့် လက်လှည့် ယူပြီး ပြန်ဆပ်ကြရ ပါကြောင်း။ ပြန်ဆပ်ပြီး ၍ ချေးငွေ ရသည့် အခါမှ ပြန်ပြီးဆပ်ကြရသည့်အတွက် အကြောင်းမညီညွတ်၍ ပြန်ပြီး မြန်မြန်မထုတ်ပေးပါက အခက်အခဲများ ဖြစ်ကြပါကြောင်း၊ ထို့အပြင် လယ်သမားများက (ပုံစံ-၇)ကို အပေါင်ပေးထားပြီး စိုက်ပျိုးရေး ကိရိယာ များ၊ လယ်ယာသုံးကိရိယာများ အရစ်ကျဝယ်ယူထားသည်များ ရှိသည့်အတွက် ယခု စစ်ဆေးသည့်အခါတွင် (ပုံစံ-၇) မူရင်းမပြပါက ထုတ်ချေးမပေးသဖြင့် အခက်အခဲများစွာ တွေ့ရပါကြောင်း၊ သို့ဖြစ်ပါ၍ ပဲခူးတိုင်းဒေသကြီး အတွင်းရှိ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် (ပုံစံ-၇) ရရှိ ထားသော တောင်သူလယ်သမားတိုင်းအား အချိန်အခါမီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးရန် အစီအစဉ်ရှိ/မရှိနှင့် လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ် (ပုံစံ-၇) မိတ္တူအထောက် အ ထားဖြင့် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။