(ည)-မင်းကင်းမြို့ပတ်လမ်း (၅)မိုင်ခန့်နှင့်တံတား (၃)စင်း၊စက်ရေတွင်း(၆) တွင်းတို့ကိုစည်ပင် သာ ယာ လမ်း၊ စည်ပင်သာယာပိုင် အဖြစ်လွှဲပြောင်းရ ယူနိုင်ခြင်း ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-16
မေးခွန်း အကြောင်းအရာ 

mg myintမင်းကင်းမြို့သည် အိမ်ခြေနည်းပါကြောင်း၊ သို့သော် ချင်းတွင်းမြစ်ရေတက်ပါက အိမ်ခြေ ၂၀၀၊ ၃၀၀ ခန့်သည် ရေဘေးဒုက္ခကို ခံစားနေရပါကြောင်း၊  ၎င်းဒုက္ခမှ ကင်းဝေးနိုင်ရန်အတွက် မြေမြင့်ပိုင်းနေရာ များတွင် မြို့ပတ်လမ်း များဖောက်လုပ်ခြင်း၊ ၁၀ ဧကခန့် မြို့ကွက်သစ်နေရာရှာဖွေခြင်းများကို မိမိတို့ အစီအစဉ်ဖြင့် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊လိုအပ်သည့် နေရာများတွင် လမ်း၊ တံတားများအပြင် ရေဘေး ဒုက္ခခံရသူများနှင့် မြို့နေပြည်သူ လူထုများ သောက်သုံးရေရရှိရေးအတွက် ရေတွင်း ခြောက် တွင်းကိုလည်း မိမိတို့ ဆောင်ရွက်ပေးခဲ့ပါကြောင်း၊  ကိုယ်ထူကိုယ် ထဆောင်ရွက်ပေး ခဲ့သည့် အတွက် ရေရှည် ခိုင်ခံမှုရှိအောင် ဝန်ကြီးဌာနတစ်ခုခုမှ တာဝန်ယူဆောင်ရွက်မှသာ အဆင်ပြေ မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဆောင်ရွက်ခဲ့သည့် လမ်း၊ တံတားများ ၊ စက်ရေတွင်းများသည် စည်ပင်သာယာ နယ်နိမိတ် အတွင်း ရှိသည့်အတွက်လို့ စည်ပင်သာယာမှ လွှဲပြောင်းတာဝန်ယူနိုင်ခြင်းရှိ/မရှိကို သိရှိလို ပါကြောင်းဖြင့် မေးမြန်းခဲ့ပါသည်။