(က)-လှိုင်မြို့နယ် အင်းစိန်လမ်းရှိ ဘာတာဈေးနှင့် မီးသတ်ဦးစီးဌာနအဆောက်အဦကြားရှိစက်မှုဝန်ကြီး ဌာနပိုင်မြေနေရာတွင် မူလတည်ရှိခဲ့သောကလေး ကစားကွင်းနှင့်ပန်းခြံပြုလုပ်ရန်အတွက်ပြန်လည်ပေး အပ်ရန် အစီအစဉ်ရှိ၊မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-16

လှိုင်မြို့နယ် အမှတ်(၁၂)ရပ်ကွက် အင်းစိန်လမ်းမပေါ် ဘာတာဈေးနှင့် လှိုင်မြို့နယ် မီးသတ်ဦးစီးဌာန အဆောက်အဦကြားမြေနေရာဦးအောင်ကျော်ကျော်ဦး (လှိုင်) ယခင်က ၂၀၁၃ ခုနှစ်အထိ ကလေးကစားကွင်းနှင့် ပန်းခြံအဖြစ် လှိုင်မြို့နယ်ပြည်သူများ အသုံးပြုခဲ့သောနေရာ ဖြစ်ပါကြောင်း အဆိုပါအများပိုင်မြေနေရာ၌ ယခင်အစိုးရ လက်ထက်က ကလေးကစားကွင်းနှင့် ပန်းခြံကိုဖျက်သိမ်းပြီး စက်မှုဝန်ကြီးဌာနက ဝင်းသူဇာအရောင်းဆိုင် ဖွင့်လှစ်ပြီး  ဘီယာဆိုင်၊ လက်ဖက်ရည်ဆိုင်အပါအဝင် ပုဂ္ဂလိကဆိုင်များ ငှားရမ်းခဲ့ပါကြောင်း၊ ထို့နောက် ဝင်းသူဇာ အရောင်းဆိုင်ကို ဖျက်သိမ်းပြီး ပုဂ္ဂလိက အရောင်း စင်တာကြီးတစ်ခုကို တည်ဆောက် ခဲ့ပါကြောင်း၊အဆိုပါ အများပိုင်မြေနေရာ၌ ယခင်အစိုးရလက်ထက်က ငှားရမ်းထားသော လက်ဖက်ရည်ဆိုင်နေရာတွင် လက်ဖက်ရည်ဆိုင်ဖျက်သိမ်းပြီး ယခုအခါ အဆောက်အဦ အသစ် ဆောက်လုပ် ရန် ပြင်ဆင်ဆောက် လုပ်နေသည်ကို တွေ့ရပါကြောင်း၊

လှိုင်မြို့နယ်တွင် ယခင်အစိုးရလက်ထက် အများပိုင်မြေနေရာများကို အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ပုဂ္ဂလိကများမှ အကြောင်းအမျိုးမျိုးဖြင့် ရယူခဲ့ရာတွင် ယခုအခါ အများပြည်သူသုံးစရာ မြေနေရာ မရှိသလောက် ဖြစ်နေပါကြောင်း၊ ပြည်သူကရွေးချယ် တင်မြှောက်ထားသော ဒီမိုကရေစီအစိုးရ၊ ပြည်သူ့အစိုးရလက်ထက်တွင် ယခင်အစိုးရကဲ့သို့ နိုင်ငံတော်ပိုင်၊ အများပိုင်မြေနေရာများ၊ ပလပ်မြေများ၊ မြေလွတ်မြေရိုင်းများ၊ ဝန်ကြီးဌာနများမှ ရွေးကောက်ပွဲဗဟို အဖွဲ့အစည်းတစ်ခု ကိုယ်၏ အကျိုးစီးပွားအတွက် ငှားရမ်းခြင်း၊ ရောင်းချခြင်း မပြုလုပ်တော့ဘဲ အများ ပြည်သူ အကျိုးရှိစေမည့် ကစားကွင်းနှင့် ပန်းခြံပြုလုပ်ရန်၊ ပြန်လည်အသုံးပြုပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။