(က)-ညောင်ရွှေဟော်နန်းကြီး ပြုပြင်ဆောင်ရွက်နေ မှုတို့ကိုဌာနေတိုင်းရင်းသားပြည်သူလူထုများပွင့်ပွင့် လင်းလင်း သိရှိနိုင်ရန်ရှင်းပြပေးစေလိုခြင်းနှင့်စပ် လျဉ်း သည့် မေးခွန်း

2020-12-16

မေးခွန်း အကြောင်းအရာ 

sai kyaw moeသမိုင်းဝင်ညောင်ရွှေဟော်နန်းကြီးသည် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ညောင်ရွှေမြို့တွင် တည်ရှိပြီး မြန်မာနိုင်ငံ၏ ပထမဦးဆုံး သမ္မတဖြစ်သည့် ညောင်ရွှေစော်ဘွားကြီး စပ်ရွှေသိုက်နှင့် မိသားစု နှစ်ပေါင်း ၃၀ ကျော်နေ ထိုင်ခဲ့သော ဟော်နန်းကြီး ဖြစ်ပါကြောင်း၊ ညောင်ရွှေစော် ဘွားကြီး၏ ညောင်ရွှေဟော်နန်းကြီး ကို ခေတ် အဆက်ဆက် ယဉ်ကျေးမှုပြတိုက်၊ စော်ဘွားကြီးများပြတိုက်၊ ဗုဒ္ဓဝင်ပြတိုက်စသည်ဖြင့် အ မျိုးမျိုး ပြောင်းလဲဖွင့်လှစ်ထားခဲ့ပါကြောင်း၊ ညောင်ရွှေဟော်နန်းကြီးသည် နှစ်ပေါင်း ၁၀၀ နီးပါးသက်တမ်းရှိသော ရှမ်းတိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်ပြီး ရှမ်းပြည်နယ် တစ်ခု လုံး ၏ ဂုဏ်ဆောင် သမိုင်းပြယုဂ်တစ်ခုလည်း ဖြစ်ပါကြောင်း၊ညောင်ရွှေဟော်နန်းကြီးကို ယဉ်ကျေးမှုပြတိုက်အဖြစ် ဆောက်လုပ်ဆောင်ရွက်ထားခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ သမိုင်းဝင်ဟော် နန်းကြီး ကို ပြင် သစ် ပညာရှင်များအကူအညီဖြင့် ပြုပြင်မွမ်းမံပြီး ဟိုတယ်ညဈေး အဖြစ် ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်နေခြင်း၊ စော်ဘွားကြီး၏ အသုံးအဆောင်ပစ္စည်းများကို မွမ်းမံလျှော်ဖွပ်ရန် စီစဉ်ဆောင် ရွက်နေခြင်းတို့ ကို ပြည်တွင်းသတင်းမီဒီယာများမှ ဖတ်ရှုလေ့လာ ရပါကြောင်း၊ သို့ဖြစ် ပါ၍ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့၏ သဘောတူညီဆောင် ရွက်မှု၊ ရှေးဟောင်း သုတေသန ဌာနတို့နှင့် ပြင်သစ်ပညာရှင်များ ပူးပေါင်းဆောင်ရွက်မည့် အစီ အစဉ်တို့ကို ပွင့်လင်းမြင်သာစွာ သိရှိနိုင်ရန်အတွက် ညောင်ရွှေဟော်နန်းကြီးကို ဟိုတယ်ညဈေးအဖြစ် တစ်ပတ် လျှင် နှစ်ရက် ဖွင့် လှစ်ဆောင် ရွက်ရန် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ စီစဉ်ဆောင်ရွက်နေသည်မှာ မှန်ကန်မှုရှိ/မရှိ၊ ယဉ်ကျေးမှုဝန်ကြီးဌာနမှ မည်သည့်သဘော တူညီ ချက်ဖြင့် ဆောင်ရွက် ခွင့်ပေးခဲ့ သည်နှင့် ညောင်ရွှေဟော် နန်းကြီးကို ပြုပြင်မွမ်မံခြင်းကို မည်သည့်ဘဏ္ဍာရေးခေါင်း စဉ်ဖြင့်စီစဉ်ဆောင် ရွက်ခဲ့ပြီး ညောင်ရွှေဟော်နန်းကြီး ပြုပြင်ဆောင်ရွက်နေမှုကို ဌာနေ တိုင်းရင်းသားပြည်သူများအားလုံး ပွင့်ပွင့် လင်းလင်းသိရှိနိုင်ရန် ရှင်းပြစေလိုပါကြောင်းဖြင့် မေးမြန်းပါသည်။