(ဃ)-လားရှိုးမြို့နယ်၊ အီနိုင်းကျေးရွာရှိ တံတားအ မှတ်(၆/၉)အီနိုင်းတံတားအတွက်အရေးတကြီးလို အပ်လျက်ရှိနေသောတံတားချဉ်းကပ်လမ်းအမြင့်နှင့် အညီ မြေကာနံရံများ ပြုလုပ်နိုင်ရန်အစီအစဉ်ရှိ/မ ရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
လားရှိုးမြို့နယ် တံတားအမှတ် ၆/၉ သည် ၂၄ ပေကျယ်ပြီး ၁၇၀ ပေရှည်သည့် အီနိုင်းတံတား ဖြစ်ပါကြောင်း၊ ၎င်းတံတားသည် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် အပြီးတည်ဆောက်ထားပြီး ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလတွင် စတင် အသုံးပြုခဲ့သည့် တံတားဖြစ်ပါကြောင်း၊ အီနိုင်းမြစ်ရေသည် နှစ်စဉ် ရေကြီးပြီး တစ်ခါတစ်ရံ တံခါးဘောင်ကိုကျော်ပြီး ရေဖုံးလွှမ်းမှုများလည်း ရှိခဲ့ပါကြောင်း၊ ချဉ်း ကပ်လမ်း သည် ၁၇ ပေခွဲမြင့်ပြီး ဖို့မြေများနှင့် တည်ဆောက် ထားသော လမ်းဖြစ်ပါကြောင်း၊ လားရှိုးဘက်ခြမ်းရှိ ချဉ်းကပ်လမ်းသည် ပေ ၇၀၀ ရှိပြီး အီနိုင်းဘက်ခြမ်းတွင် ပေ ၃၀၀ ရပြီး မြေကာနံရံ များမရှိပါကြောင်း ၊ မြစ်ရေကြီးပါက ချဉ်းကပ်လမ်းသည် ရေတိုက်စားပြီး ကတ္တရာ လမ်းများ ပျက်စီး၍ အီနိုင်း-လာရှိုး လမ်း ပိုင်း ဆက်သွယ်ရေးပါပြတ်တောက်ပြီး နိုင်ငံ့အတွက်ဆုံးရှုံးမှုများနှင့် ကြုံတွေ့ ရမည်ဖြစ်ပါကြောင်း၊ သီပေါ-လာရှိုးလမ်း လမ်းပိတ်ဆို့မှုဖြစ်ခဲ့ပါက သီပေါမှ လားရှိုး၊ မူဆယ်၊ နမ့်ခမ်း၊ တရုတ်ပြည်သို့ ကုန်သွယ်ကူးသန်းမှု များစွာထိခိုက်နစ်နာမည်ဖြစ်ပါကြောင်း၊ အီနိုင်းတံတား တစ်ခုတည်းကိုသာ အသုံးပြုနေရသည့်အတွက် အရေးကြီးသော တံတားဖြစ်ပါကြောင်း၊ ၂၀၁၆-၁၇ ပွင့်လင်းရာသီတွင် မြေကာနံရံကို တည်ဆောက်ပေးမည်ဆိုပါက ၂၀၁၇-၁၈ မိုးရာသီတွင် အရည်အသွေးပြည့်ပြီး စံချိန် စံညွှန်းနှင့်ကိုက်ညီသော လမ်းနှင့်မြေကာနံရံများ ကို အသုံးပြုပြီး မိမိတို့နိုင်ငံ၏ ဆုံးရှုံးနစ်နာမှုများကို ကြိုတင် ကာကွယ် ရာလည်း ရောက်ပါကြောင်း၊ လားရှိုးမြို့နယ် တံတားအမှတ် ၆/၉ အီနိုင်းတံတား အတွက် အရေးတကြီးလိုအပ်လျက်ရှိနေသည့် တံတားချဉ်းကပ်လမ်း အမြင့်နှင့်အညီ မြေကာနံရံများ ပြုလုပ်ပေးနိုင်ရန်အတွက် ချမှတ်ပေးနိုင် ရန် အစီအစဉ်ရှိ/မရှိ သိရှိ လိုပါကြောင်း မေးမြန်းခဲ့ပါသည်။