(ဆ)-မြန်မာနိုင်ငံ(LDC)ဘဝမှလွတ်မြောက်ရေးအ တွက်နိုင်ငံတော်အစိုးရကမည်သို့မည်ပုံစီစဉ်ဆောင် ရွက်သွားမည်ကိုသိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေး ခွန်း
မေးခွန်း အကြောင်းအရာ
မိမိမို့နိုင်ငံသည် ၁၉၆၂ ခုနှစ်တွင် အရှေ့တောင်အာရှဒေသအတွင်း ဖွံ့ဖြိုးတိုးတက်ရန် အလားအလာ အကောင်းဆုံးနိုင်ငံအဖြစ် ကမ္ဘာ၏ဘဏ္ဍာရေး၊ စီးပွားရေးပညာရှင်များ၏ ခန့်မှန်းသုံးသပ်ခြင်းကို ခံခဲ့ ရ သည့် နိုင်ငံဖြစ်ပါကြောင်း၊ အိမ်နီး ချင်းနိုင်ငံများ၏ ငေးမောအားကျခြင်းကိုလည်း ခံခဲ့ရတဲ့နိုင်ငံဖြစ်ပါကြောင်း၊ ၁၉၈၇ ခုနှစ်တွင် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးနိုင်ငံ LDC စာရင်းထဲသို့ ဝင်ရောက် သွားခဲ့ ပါကြောင်း၊ LDC ရရှိရန် အတွက် နိုင်ငံတော် အစိုးရ မှ လျှောက်ထား မှရမည်ဆိုသည်မှာ မိမိတို့ သိရှိရပါကြောင်း၊ LDC နိုင်ငံအဆင့်အတန်းရရန်အတွက် လျှောက်ထားသည့်အခါ မည်သည့် အချက် အလက် များ ပြည့်စုံပါက LDC နိုင်ငံ အဖြစ် နိုင်ငံတကာအဖွဲ့အစည်းများက သတ် မှတ်ပေး မည်နည်း၊ LDC နိုင်ငံဖြစ်သည့်အတွက် မည်သည့်ကောင်းကျိုးများ၊ ဆိုးကျိုးများရရှိမည်နည်း၊ အခု လက်ရှိ အခြေ အနေတွင် မိ မိတို့ LDC နိုင်ငံအဖြစ်မှ လွတ်မြောက်ရန်အတွက် အစိုးရအဆက်ဆက်က ကြိုးစားလာခဲ့သည်မှာ မည်သည့်အဆင့် အထိ ရောက်ရှိနေသနည်း၊ LDC နိုင်ငံအဖြစ်မှ လွတ်မြောက်အောင် လက်ရှိနိုင် ငံတော် ပြည်ထောင်စုအစိုးရအနေဖြင့် မည်သည့်မဟာဗျူဟာနှင့် နည်းဗျူဟာများချမှတ်ပြီး ဆောင်ရွက်သွားရန် အစီအစဉ်တွေ ရှိ/မရှိ ဆိုသည်ကို သိရှိလို ပါကြောင်း မေးမြန်းပါသည်။