(က)-ဆော့လော်မြို့နယ်၊လန်ဆယ်ဒေသတွင်သဘာ ဝရေဘေးအန္တရာယ်ကြောင့်လမ်းမကြီးနှင့်တံတား များ မြေပြိုပျက်စီးမှုနှင့် ရေဘေးသင့်ပြည်သူတို့၏ အခက်အခဲအတွက်သက်ဆိုင်ရာအစိုးရအဖွဲ့မှမည် သို့ ဆောင်ရွက်ပေးနေသည်ကိုသိရှိလိုခြင်းနှင့်စပ် လျဉ်းသည့် မေးခွန်း

2020-12-16

မေးခွန်း အကြောင်းအရာ 

u lar mar lay၂၃-၄-၂၀၁၆ ရက်နေ့ ညနေပိုင်း ဆော့လော်မြို့နယ် လန်ဆယ်ကျေးရွာဒေသတွင် မိုးအဆက်မပြတ် ၇ ရက် ရွာသွန်းမှုကြောင့် လန်ဆယ်ကျေးရွာဒေသအပါအဝင် အခြားရွာ ၇ ရွာတို့တွင် အလွန် ဆိုးရွာ သည့် မြေပြို၊ တောင်ပြို၊ ရေကြီးပြီး ရေဘေးအန္တရာယ် တွေ့ကြုံခံစားခဲ့ရပါကြောင်း၊၎င်းအပြင် ချီဖွေ၊ ဆော့လော်၊ ခေါင်လန်ဖူးဒေသအထိ ဆက်သွယ်ဖောက်လုပ်ထားသော လမ်းမကြီး အပါ အဝင် တံတားများ၊ ဒေသတောင်ယာစိုက်ခင်းများ၊လူနေအိမ် ၁၁၄ အိမ်၊ ပညာသင်ကျောင်းများ ပျက်စီးခဲ့ရပြီး စုစုပေါင်းလူဦးရေ ၇၇၁ ဦးတို့မှာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါကြောင်း၊ ၎င်းနောက် ရေဘေး ကြုံတွေ့ခဲ့ရသော ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ်အစိုးရအဖွဲ့တို့  ပူးပေါင်းပြီး တပ်မတော် ရဟတ်ယာဉ်ဖြင့် စားနပ် ရိက္ခာများ၊ ဆေးဝါးများ၊အိမ်ဆောက် ပစ္စည်းများကို အရေးပေါ်ပို့ ဆာင်ပေးခဲ့သော်လည်း ရေဘေးသင့်ဒုက္ခသည်ဦးရေ ထောင်ချီရှိလာသည့်အတွက် လုံလောက်မှုမရှိဘဲ ရိက္ခာပြတ်လပ် မှု ပြဿနာကြုံတွေ့ခဲ့ရပါကြောင်း၊

အဆိုပါ ရေဘေးသင့်ဒေသအပါအဝင် အခြားရွာများမှ အိမ်ခြေ ၄၀၉ အိမ်၊ လူဦးရေ ၂၅၅၄ ဦးတို့မှာ ရေဘေးကြောင့် ပျက်စီးသွားခဲ့သော ချီဖွေ၊ ဆော့လော်၊ ခေါင်လန်ဖူးဒေသ အထိ ဆက်သွယ် ဖောက်လုပ်ထားသော လမ်းမကြီးမှတစ်ဆင့် ချီဖွေမြို့နယ်၊ ကန်ဖာဒေသ၊ ဖီမောဒေသ၊ မြန်မာတရုတ်ဒေသတို့မှ ဆန်၊ ဆီ၊ ဆား၊ လူသုံးကုန်ပစ္စည်းများ၊ ဆေးဝါးများကို အဓိကဆက်သွယ် ဝယ်ယူသုံးစွဲနေခဲ့သော်လည်း ရေဘေးကြောင့် အဆိုပါလမ်းမကြီး ပျက်စီးသွားခဲ့သည့်အတွက် လူသွားရန် လူလမ်းလျှောက်ပြီး ရိက္ခာသယ်ယူရန်ပင် အခက်အခဲများစွာ ကြုံတွေ့နေရပါကြောင်း၊ သို့ဖြစ်ပါ၍ ယခုအချိန် ရေဘေးသင့်ဒေသမှ ရိက္ခာပြတ်လပ်မှုဒဏ်ကိုမခံနိုင်သည့် ပြည်သူ ၄၈ အိမ်၊ လူဦးရေ ၂၀၀ ကျော်တို့မှာ မိမိတို့နေရပ်ဒေသအား စွန့်ခွာကာ ချီဖွေမြို့နယ်၊ ကန်ဖာဒေသရှိ လီဆူ စာပေနှင့် ယဉ်ကျေးမှုရုံးဝင်း၌ ရေဘေးဒုက္ခသည်များအဖြစ် စခန်းဖွင့်လှစ်နေထိုင်လျက်လည်း ကောင်း၊ သူငယ်တန်းမှ ၁၀ တန်းအထိ ကျောင်းသားကျောင်းသူ ၁၁၉ ဦးနှင့် ၎င်းတို့၏ မိဘဆွေမျိုး များမှာ လည်း မြစ်ကြီး နားမြို့ ရွှေဈေး ရပ်ကွက်တွင် ရေဘေးသင့်ဒုက္ခသည်စခန်းဖွင့်လှစ်ပြီး လည်းကောင်း၊ စေတနာရှင်၊ အလှူရှင်တို့မှ လှူဒါန်းသည့် ဆန်၊ ဆီ၊ ဆား၊ အဝတ်အထည်၊ ငွေကြေးများ အပေါ်မှီခိုပြီး ခက်ခက်ခဲခဲဘဝ ရုန်းကန်ဖြတ်သန်းနေ လျက်ရှိပါကြောင်း၊

ရေဘေးကြောင့် ပျက်စီးသွားခဲ့ပြီး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သည့် ပြည်သူများအတွက်သာမကဘဲ ချီဖွေ၊ ဆော့လော်၊ ခေါင်လန်ဖူးဒေသအထိ ဆက်သွယ်ဖောက်လုပ်ထားသော လမ်းမကြီး မြေပြို၍ ပိတ်ဆို့ သွားခဲ့သော ပြည်သူများ အားလုံး ဆော့လော်မြို့နယ် လန်ဆယ်ဒေသ သဘာဝ‌ရေဘေး အန္တရာယ်ကြောင့် လမ်းမကြီးနှင့် လမ်းမကြီး ပေါ်ရှိတံတားများ မြေပြိုပျက်စီးနေမှုနှင့် ရေဘေးသင့်ပြည်သူ ၂၅၅၄ ဦးတို့၏ စားနပ်ရိက္ခာအခက်အခဲ အတွက် သက်ဆိုင်ရာ အစိုးရအဖွဲ့မှ ဆက်လက်ပြီး မည်ကဲ့သို့စီစဉ်ဆောင်ရွက်ပေးနေသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။