(က)-မြောက်ပိုင်းနတ်ရဲကျေးရွာတွင်လေယာဉ်ကွင်း တည်ဆောက်ရန် လယ်ယာမြေများသိမ်းယူခဲ့စဉ်က နစ်နာကြေးအဖြစ်ပေးရန်ကျန်ရှိသောတောင်သူဦးရေ (၁၀၁) ဦး၏ ကျန်ရှိ ဧက (၂၈၇.၇၂) အား ကာ လပေါက်ဈေးနှင့်အညီနစ်နာကြေးပေးနိုင်ခြင်းရှိ/မ ရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-16

မေးခွန်း အကြောင်းအရာ 

u kyaw tinဆောမြို့နယ်မြောက်ပိုင်း နတ်ရဲကျေးရွာ (ယခု လေယာဉ်ကွင်းရပ်ကွက်) ရှိ လယ်ယာမြေဧက စုစုပေါင်း ၅၆၁.၇၉ ဧကကို ၂၀၀၂ ခုနှစ် နိုဝင်ဘာလတွင် အမှတ်(၃၆၈) အမြောက်တပ် မှ လေယာဉ်ကွင်းတည်ဆောက်ရန် သိမ်းယူခဲ့ပါကြောင်း၊ တောင်သူလယ်သမားများ၏ နစ်နာကြေး တောင်းဆိုမှုကြောင့် ၁၆-၃-၂၀၁၅ ရက်နေ့တွင် လေယာဉ် ကွင်းပြေးလမ်းတွင် ပါဝင်သော တောင်သူဦးရေ စုစုပေါင်း ၂၁၄ ဦး၊ ဧက ၂၇၄.၀၇ အတွက် ကာလပေါက်ဈေးနှင့်အညီ နစ်နာကြေးအဖြစ် လျော်ကြေးပေးခဲ့သော်လည်း နစ်နာကြေးလျော်ကြေးပေးရန် ကျန်ဧက ၂၈၇.၇၂ ဧက၊ တောင်သူဦးရေစုစုပေါင်း ၁၀၁ ဦးတို့အား နစ်နာကြေး၊ လျော်ကြေးပေးရန် တောင်းဆိုနေကြပြီ ဖြစ်ပါကြောင်း၊သိမ်းယူ ထားသည့် မြေတစ်ဆက် တစ်စပ်တည်းတွင် ပေးသူကိုပေး၊ မပေးသူကိုမပေး မဖြစ်သင့်ပါကြောင်း၊နစ်နာမှုရှိနေပါကြောင်း၊၂-၂-၂၀၁၆ ရက်နေ့ တပ်သိမ်းမြေ နစ်နာကြေး အဖြစ် မြေခွန်၏ သုံးဆကို ပေးလျော်ပြီးဖြစ်သည်ဟု ယခင်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်  မြို့နယ်ဌာနဆိုင်ရာ များ လာရောက်ရှင်းလင်းသည်ကို သိရ ပါကြောင်း၊ မြေခွန်၏ သုံးဆ ဆိုသည်မှာ နစ်နာကြေး မဖြစ်နိုင်ပါကြောင်း၊ တောင်သူလယ်သမားများ လုပ်ကိုင်စားစရာ မရှိအောင် နစ်နာခဲ့ရပါသဖြင့် ကျန်ဧက ၂၈၇.၇၂၊ တောင်သူဦးရေ ၁၀၁ ဦးတို့အား ကာလပေါက်ဈေးနှင့်အညီ နစ်နာကြေး အဖြစ် ‌လျော်ကြေးပေးနိုင်ခြင်းရှိ/မရှိနှင့် မည်သည့်အချိန်တွင် လျော်နိုင်မည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။