(ခ)-“မိုင်းနှင့်ပေါက်ကွဲအားပြင်းသောလက်နက်ခဲယမ်း” များအသုံးပြုနေမှုတို့ကြောင့် ပြည်သူများ၏ဘဝလုံခြုံမှု မရှိဖြစ်နေခြင်းတို့ကိုသက်ဆိုင်ရာမှမည်သို့ကူညီပေးနေ သည်နှင့်သုံးပြုမှုလျော့နည်းသွားစေရန်မည်သို့ဆောင် ရွက်ထားသည်ကိုသိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
မြန်မာနိုင်ငံတွင် ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်စဉ်နှင့် အတူ ပြည်သူတစ်ရပ်လုံး၏ မျှော်လင့်ချက်သည် ပြည်တွင်းငြိမ်းချမ်းရေးဖြစ်ပါကြောင်း၊ လက်နက်ကိုင် ပဋိပက္ခ သည် နိုင်ငံရေး ပြဿနာဖြစ်ပြီး ပြဿနာကိုဖြေရှင်းနိုင်ရန် ယုံကြည်မှုက မရှိမဖြစ်လိုအပ်ပါကြောင်း၊ NCA လမ်းစဉ်အတိုင်း ငြိမ်းချမ်းရေးအတွက် အားသစ်လောင်းရ မည့်အချိန်တွင် လက်နက်ကိုင်တပ်များ၏ ဖောက်ခွဲရေးပစ္စည်းများအသုံးပြုပြီး တိုက်ပွဲများဆင်နွှဲနေခြင်းကြောင့် ပြည်သူများ၏ ဘဝသည် လုံခြုံမှုမရှိဖြစ်ပေါ်နေပါကြောင်း၊
မိမိတို့ နမ္မတူမြို့နယ်၏ တချို့ကျေးရွာထိပ်များတွင် မိုင်းများတပ်ဆင်ထားခြင်း၊ လမ်းဘေးဝဲ/ယာများတွင် ကြိုးမိုင်းများ တပ်ဆင်ထားခြင်း ၊ ပေါက်ကွဲမှု များသော ဒေသဖြစ်သော် လည်း မိုင်းနှင့် ပတ်သက်ပြီး ကြိုတင်ကာကွယ်မှုများ၊ အသိပညာပေးမှုများ မရှိခြင်း၊ တပ်ဆင်ထားသော မိုင်းများကို လာရောက် ဖြုတ်ပေးရန် လက်နက်ကိုင်တပ်များအား အကူ အညီတောင်းသော်လည်း အကူအညီ ရရှိမှုမရှိခြင်း၊ တပ်ဆင်ထားသောမိုင်းများသာ ပေါက်ကွဲပြီး ထိခိုက်ဆုံးရှုံးမှုများကိုသာ ကြုံတွေ့ခဲ့ရပါကြောင်း၊လက်နက်ကိုင်များ က ပြောင်း လဲခြင်းမရှိဘဲ တိုက်ပွဲများသာ ဆက်လက်ဖြစ်ပွား နေမည်ဆိုပါက ငြိမ်းချမ်းရေးကိုဆန့်ကျင်နေသည့်ဘက်သို့ သွားရာရောက်နေပါကြောင်း၊ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေ သည့် မိုင်းနှင့် ပေါက်ကွဲအားပြင်းသည့်လက်နက်ခဲယမ်းများနှင့် ပတ်သက်၍ အောက်ပါ မေးခွန်းများကို မေးမြန်းလိုပါကြောင်း၊(၁) မိုင်းနှင့်ပေါက် ကွဲအားပြင်းသော လက်နက် ခဲယမ်းများကို လက်နက်ကိုင်များ တွင်ကျယ်စွာအသုံးပြုနေမှုတို့ကြောင့် အပြစ်မဲ့ပြည်သူများနှင့် သက်ရှိသက်မဲ့များ ပျက်စီး ဆုံးရှုံးနေခြင်းနှင့် ပြည်သူလူထုများ၏ ဘဝ လုံခြုံမှု မရှိဘဲဖြစ်နေခြင်းတို့ကို သက်ဆိုင်ရာမှ မည်သို့ကူညီဆောင်ရွက်ပေးနေသည်ကိုလည်းကောင်း၊(၂) မိုင်းပေါက်ကွဲ မှုများသည့်ဒေသများတွင် မိုင်းအန္တရာယ် ကာကွယ်နိုင် ရန် ပြည်သူများကို မည်သို့စီစဉ် ဆောင်ရွက်နေ ပါကြောင်းနှင့်(၃) မိုင်းနှင့် ပေါက်ကွဲအားပြင်းသည့် လက်နက်များ အသုံးပြုမှုလျော့နည်း သွားစေရန်မည်သို့ စီမံဆောင်ရွက်ထားသည်ကို သိရှိ လိုပါကြောင်း မေးမြန်းပါသည်။