(ဃ)-ပူတာအို ခရိုင်ရှိ လမ်းပန်းဆက်သွယ်ရေးခက် ခဲသောမချမ်းဘော၊နောင်မွန်၊ခေါင်လန်ဖူး ဒေသများ တွင် မြဝတီရုပ်မြင် သံကြားထပ်ဆင့် လွှင့်စက်တပ် ဆင်ပေးရန်အစီအစဉ်ရှိ/မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း
2020-12-16
မေးခွန်း အကြောင်းအရာ
ကချင်ပြည်နယ်၊ပူတာအိုခရိုင် မချမ်းဘောမြို့၊ နောင်မွန်၊ ခေါင်လန်ဖူးမြို့များတွင် ယနေ့အထိ ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက် တပ်ဆင်ခြင်းမရှိသေးပါကြောင်း၊ တပ်ဆင်ရန် စက်ပစ္စည်းများ ရောက်ရှိသော်လည်း တပ်ဆင်ရန်ခွင့်ပြုမိန့် မကျသေးကြောင်း ရုပ်သံဝန်ထမ်းများ၏ ပြောပြချက်အရ သိရှိရပါကြောင်း၊ ထို့ကြောင့် လမ်းပန်းဆက် သွယ်ရေး ခက်ခဲသော မိမိတို့ ပူတာအိုခရိုင် မချမ်းဘော၊ နောင်မွန်၊ ခေါင်လန်ဖူးမြို့များတွင် ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက် တပ်ဆင်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်နှင့် မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။