(ဂ)-သောက်သုံးရေ ပြတ်လပ်သည့် ဘေးဒုက္ခများကို ကြိုတင်ကာကွယ်မှုအနေဖြင့်မိုးရေများအားအကျိုးရှိရှိ အသုံးချ နိုင်ရေးအတွက် ရေတွင်း၊ ရေကန်၊ရေလှောင် တမံများပြင်ဆင်ခြင်း၊အသစ်တူးဖော်ပေးခြင်းအစီအမံ များရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
ပြည်သူများ ခံစားနေရသော ဒုက္ခအပေါ် နိုင်ငံတော်က နိုင်သည့်ဝန်၊ နိုင်သည့်အားဖြင့် နှစ်တစ်နှစ်အတွင်း စီမံဆောင်ရွက်ထားသည့် အခြေအနေကို ပြည်သူများအား သိစေ ချင်ပါကြောင်း၊ထို့နောက် ဆောင် ရွက်ပေးမည့် လုပ်ငန်းအစီအစဉ်များမှာ ထပ်ပြီးလိုအပ်ချက်များ ရှိနေမည်ဆိုပါက ပြည်သူများအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များ မှတစ်ဆင့် တင်ပြနိုင်ကြ ရန်၊ ပြည်နယ်/တိုင်းဒေသကြီးအနေဖြင့် အကျဉ်း ချုပ်မေးရခြင်းမှာ ဖြေကြားမည့် ဝန်ကြီးဌာနများအနေဖြင့် အသေးစိတ်ဖြေကြားရန် အခက်အခဲ မဖြစ်စေလိုသည့် ရည်ရွယ်ချက်ဖြင့် မေးရခြင်းဖြစ်ပါကြောင်း၊လွန်ခဲ့သော နွေရာသီ ကာလက မြန်မာပြည် အနှံ့ သောက်သုံးရေပြတ်လပ်မှု ဘေးဒုက္ခများကို ကြိုတင်ကာကွယ်မှု အနေဖြင့် မိုးရာသီ ကာလအတွင်း သဘာဝရရှိမည့် မိုးရေများ ကို အကျိုးရှိရှိ အသုံးချနိုင်ရေး အတွက် ရေ တွင်း၊ ရေကန်၊ ရေလှောင် တမံများ ပြင်ဆင်ခြင်း၊ အသစ်တူးဖော်ခြင်း အစီအမံများရှိ/မရှိနှင့် ရှိမည်ဆိုပါက ပြည်နယ်/တိုင်းဒေသကြီး တစ်ခုချင်း အလိုက် ဆောင်ရွက်ပေးမည့် မြို့နယ်ဦးရေ၊ ကျေးရွာအရေအတွက်၊ ပြန်လည်ပြင်ဆင် တူးဖော်ပေးမည့် ကန်အရေ အတွက်၊အသစ် တူးဖော်ဆောက် လုပ်ပေးမည့် မြေသားရေလှောင် ကန်၊အမိုး အကာ အုတ်ရေကန် အရေအတွက်နှင့်အခြား လက်တွင်းတူး စက်ရေတွင်း အရေအတွက် ၊ ပြည်နယ်/တိုင်းဒေသကြီး တစ်ခုချင်းအလိုက် သုံးစွဲရန်လျာထားခွင့်ပြုပေးပြီး ရန်ပုံငွေများကို သိရှိလိုကြောင်း မေးမြန်းပါသည်။