(ဇ)-မြောက်ဦးမြို့မှအဆောက်အဦဟောင်းတစ်ခုပမာ စွန့်ပစ်ထားသောယခင်ပြည်သူ့ဆေးရုံဟောင်းနှင့်ပတ် သက်၍ညှိနှိုင်းဖြေရှင်းရန်နှင့်ဆေးရုံဟောင်းတွင်ကျန်း မာရေး လုပ်ငန်းများ၊ ရုံးများ ဖွင့်နိုင်၊ မဖွင့်နိုင်တို့ကို သိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
မြောက်ဦးမြို့သည် ရှေးဟောင်းသုတေသနနယ်မြေပြီး ရှေးရခိုင်မင်းများ နောက်ဆုံး ၁၈ ရာစုအထိ နေခဲ့သည့်မြို့ဖြစ်ပါကြောင်း၊ သာသနာ့အဆောက်အဦများ၊ ဂန္တဝင်ပိဋကတ်တိုက်များ၊ နှင့် အရေးကြီး သော သမိုင်းတန်ဖိုးရှိသည့်ပစ္စည်းများရှိပါကြောင်း၊ မြို့လယ်ရှိ နန်းတော်ရာကုန်း ကို ၁၉၉၅ ခုနှစ်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ အထွေထွေအတွင်းရေးမှူး(၁) ဗိုလ်ချုပ်ခင်ညွန့်၏ အမိန့်အာဏာဖြင့် ဖယ်ရှားရှင်းလင်းခဲ့ပါကြောင်း၊ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ကိုမြှင့်တင် ရန် နှင့် မြောက်ဦး ကို နိုင်ငံတကာ အဆင့်မီ ရှေးဟောင်းသုတေသနမြို့ဖြစ်ရန် ရည်ရွယ်သော်လည်း ထင်သလောက်ခရီးမပေါက်ဘဲ အထက်တန်းကျောင်းတစ်ကျောင်း ၊ ပြည်သူ့ဆေးရုံနှင့် အစိုးရစုပေါင်း ဝန်ထမ်းရုံးတို့သည့် မြို့ပြင်သို့ရောက်သွားပါကြောင်း၊အထက် တန်းကျောင်းကို ပညာရေးဌာန ဂိုထောင် အဖြစ်လည်းကောင်း၊စုပေါင်းရုံးကြီးကို ရှေးဟောင်းသုတေသန၏ ပြတိုက်အဖြစ်ဖွင့်လှစ် ထားပါကြောင်း၊၎င်းဆေးရုံကြီးသည် ယခင်က ကျန်းမာရေးဝန်ကြီးဌာန အောက်တွင်ရှိခဲ့သော်လည်း ယခုအချိန်တွင် ရှေးဟောင်း သုတေသနအောက် သို့ရောက်ရှိသွားပါကြောင်း၊၎င်းကိစ္စနှင့်ပတ်သက်၍ မိမိသိလိုသည်မှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် အများပြည်သူအကျိုးစီးပွားဖြစ် အောင် လုပ်ကိုင်ပေးနိုင်ခြင်းရှိမရှိကိုသိလိုပါကြောင်းနှင့် ဆေးရုံအသစ်ကို ဖွင့်လှစ်ထားပြီ ဖြစ်သည့် အတွက် ပြည်သူလူထု လိုအပ်သည့် ဒေသန္တရကျန်းမာရေး ဆေးပေးခန်းများနှင့် တခြားကျန်းမာရေးနှင့် ပတ်သက် သည့် လုပ်ငန်းများ ဆောင်ရွက်နိုင်သည့်ရုံးများအဖြစ် ဖွင့်လှစ်ပေးရန် အစီအစဉ်များ ရှိ/မရှိ ကို သိလို ပါကြောင်းဖြင့်မေးမြန်း သွားပါသည်။