(ဂ)-ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ က.ပ.စ(၁၃)သို့ သွယ်တန်းသော၃၃KVဓာတ်အားလိုင်းမှလက်ပံကျေး ရွာ၊မကျီးရင်းကျေးရွာ၊ပိတောက်ကန်ကျေးရွာများသို့ လျှပ်စစ်ဓာတ်အားအမြန်ဆုံးလွှတ်ပေးရန်အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-16

မေးခွန်း အကြောင်းအရာ 

nay htet winကျေးရွာများမှ မီးရရှိရန်အတွက် လိုအပ်သည့်တိုင်များ ၊ထရန်စဖော်မာများ ဝယ်ယူပြီး ကျေးရွာသူ/သားများသည် ကိုယ်ထူကိုယ်ထအနေဖြင့်လမ်းမီးတိုင်များ စိုက်ထူလျက်ရှိပါကြောင်း၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ က.ပ.စ(၁၃) သို့ သွယ်တန်းသော ၃၃ ကေဗွီ ဓာတ်အားလိုင်းမှ မီးပေးခဲ့၍ စည်တိုင်းကျေးရွာကိုလည်း မီးလင်းစေခဲ့ပြီးဖြစ်ပါကြောင်း၊ ၂၀၁၅ ခုနှစ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနအနေဖြင့်လည်း မီးရရှိရန်အတွက် တန်ဖိုးငွေအဖြစ် လက်ပံကျေးရွာအတွက် သိန်း ၂၀၀၊ မကျီးရင်းကျေးရွာအတွက် ၁၂၆ သိန်း၊ပိတောက်ကန်ကျေးရွာအတွက် ၇၄ သိန်းတို့ကိုလည်း ပံ့ပိုးကူညီပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ကျေးရွာ မီးလင်းရေးကော်မတီများသည် မိမိတို့ကျေးရွာ မီးရရှိရေးအတွက် ရွာသူ/သားများ ထံမှ ကောက်ခံ ရရှိ သည့် ငွေကြေးသာမက စိုက်ထုတ် ချေးငှားဆောင်ရွက်ခဲ့ကြသည့်အတွက် သီးနှံပေါ်ချိန်တွင် ရွာသူ/သားများထံမှ ကျန်ရှိသည့်ငွေကြေးများကို ကောက်ခံ သွားရမည် ဖြစ်ပါကြောင်း၊ အဆိုပါကျေးရွာသုံးရွာ မီးလင်းမည်ဆိုပါက အိမ်ထောင်စု ၉၉၂ စု၊ လူဦးရေ ၃၈၈၄ ဦးကို အကျိုးပြုနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ က.ပ.စ(၁၃) သို့ သွယ်တန်းသော ၃၃ ကေဗွီ ဓာတ်အားလိုင်းမှ လက်ပံကျေးရွာ၊ မကျီးရင်းကျေးရွာ၊ ပိတောက်ကန်ကျေးရွာများသို့ လျှပ်စစ်ဓာတ်အား အမြန်ဆုံးလွှတ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် လုပ်ဆောင်ပေးသွားမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။