(က) - လက်ရှိ အခြေ အနေတွင်ဒေသတွင်းအိမ်နီး ချင်းနိုင်ငံများအပါအဝင်ကမ္ဘာ့နိုင်ငံများ၌အကြမ်းဖက် သမားများ၏တိုက်ခိုက်မှုများကြုံတွေ့နေရပါသဖြင့် မြန် မာ နိုင်ငံပြည်သူများဘေးကင်းလုံခြုံရေးအတွက်မည် သို့စီစဉ်ထားသည်ကိုသိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-16
မေးခွန်း အကြောင်းအရာ 

tin ayeနိုင်ငံအသီးသီးတွင် အစွန်းရောက် အကြမ်းဖက် အဖွဲ့များက အကြမ်းဖက် တိုက်ခိုက်မှုများ၊ ဖောက်ခွဲမှုများကို နေ့စဉ်ကြုံတွေ့ရလျက်ရှိသည်ကို တွေ့ရပါကြောင်း၊ အစွန်းရောက် တိုက်ခိုက်များ သည် သမရိုးကျ နည်းလမ်းများနှင့် ခေတ်မီနည်းပညာများကိုလည်း အသုံးပြုပြီး ဆောင်ရွက်လာကြသည့်အတွက် ကမ္ဘာကြီး၏ ငြိမ်းချမ်းရေး၊ လုံခြုံရေးကို ထိခိုက်လာမည်ဖြစ်ပါကြောင်း၊ ယင်းအခြေအနေနှင့် စပ်လျဉ်းပြီး မြန်မာနိုင်ငံအပေါ်တွင်လည်း အကြမ်းဖက်လုပ်ရပ်များအတွက် အခြိမ်းခြောက်ခံရခြင်း၊ ကြေညာခံရခြင်းများ ပြုလုပ်ခံထားရသည့် အတွက် မြန်မာနိုင်ငံအတွင်းနေ ထိုင်ကြသော ပြည်သူများ ဘေးကင်းလုံခြုံရေးနှင့် ငြိမ်းချမ်းရေးကို များစွာထိခိုက်လာနိုင်သည့်အတွက် ကြိုတင်ကာကွယ်ခြင်း၊ စီမံမှုများဆောင်ရွက်ခြင်း၊ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းခြင်း တို့ကို ဆောင်ရွက်ထားနိုင်ရန်အတွက် ရည်ရွယ်ပြီးမေးမြန်းရခြင်း ဖြစ်ပါကြောင်း။

ခေါင်းဆောင် RML ဇဝါဟာရီသည် ၃-၉-၂၀၁၄ ရက်နေ့တွင် ကျင်းပသော ညီလာခံတစ်ခု၌ အိန္ဒိယ၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများကို အကြမ်းဖက်တိုက်ခိုက်မှု များပြုလုပ်ရန်အတွက် အယ်ခိုင်းနား (အိန္ဒိယအဖွဲ့ခွဲ)အား အသင်‌့ဖွဲ့စည်းထားပြီးဖြစ်ကြောင်းနှင့် အကြမ်း ဖက်တိုက်ခိုက်မည်ဖြစ်ကြောင်း Online Media တွင် ၅၂ မိနစ်ကြာ ပြောကြားခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ အိန္ဒိယနယ်စပ်ရှိ အဖွဲ့များသည် သီးခြားရပ်တည်နေသော အဖွဲ့တစ်ဖွဲ့အနေဖြင့် ဖွဲ့စည်းနိုင်ခြင်းမရှိသော်လည်း နောင်နှစ်နှစ်ခန့်တွင် တစ်ဖွဲ့တည်းဖြင့်ရပ် တည်သွားမည်ဖြစ်ကြောင်းကိုလည်း ပြောကြားခဲ့ ပါကြောင်း၊ ၂၀၁၄ ခုနှစ်က ဖြစ်သည့်အတွက် ယခု ၂၀၁၆ ခုနှစ် စက်တင်ဘာလက နှစ်နှစ် ပြည်‌့ခဲ့ပြီး ဖြစ်ပါကြောင်း၊ ၃၁-၇-၂၀၁၆ ရက်နေ့တွင် စင်ကာပူနိုင်ငံထုတ် The Straight Time သတင်း စာမှာဆိုရင် မြန်မာနိုင်ငံ၌ အကြမ်းဖက်စစ်ပွဲဆင်နွဲသင်‌့ကြောင်း တိုက်တွန်းမှုအပါအဝင် အစွန်းရောက်ဝါဒများ၊အွန်လိုင်းတွင်ဖြန့်ဝေရေးသားနေသူ စင်ကာပူနိုင်ငံသားမှ စင်ကာပူပြည်တွင်း လုံခြုံရေးအက်ဥပဒေနှင့် အရေးယူဖမ်းဆီးခဲ့သည်ကို တွေ့ရှိရပါကြောင်း၊

နိုင်ငံတကာ အကြမ်းဖက်အဖွဲ့အစည်းများ၊ အဖျက်အမှောက်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက် ရာတွင် ပစ်မှတ်အနေဖြင့် လူစည်ကားသည့် လေဆိပ်၊ ဘူတာရုံ၊ ကုန်တိုက်စသည်ဖြင့် နည်းလမ်းပေါင်းစုံဖြင့် အသုံးပြုနိုင်မည်ဖြစ်ပါကြောင်း၊

သို့ဖြစ်ပါ၍ လက်ရှိအခြေအနေတွင် ဒေသတွင်းအိမ်နီးချင်း နိုင်ငံအပါအဝင် အစွန်းရောက် အကြမ်းဖက်တိုက်ခိုက်မှုများ ဖောက်ခွဲရန်အတွက် စိုးရိမ်ရသည့် Security Point of View အရကြည့်မည်ဆိုလျှင် စိုးရိမ်ရသည့် အနေအထားရှိသည့်အတွက်ကြောင့် အိမ်နီးချင်းနိုင်ငံများ အပါအဝင် ကမ္ဘာ့နိုင်ငံများ၌ အစွန်းရောက်အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုများ ကြုံတွေ့နေရပါသဖြင့် မြန်မာနိုင်ငံပြည်သူများ ဘေးကင်း လုံခြုံရေး အတွက် မည်သို့စီစဉ်ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။