(ဃ)-အာဇာနည် ကျောက်တိုင်ကွင်း များအား ပြန် လည်ပြုပြင်ခြင်းနှင့်ပွင့်ဖြူမြို့ရှိ အာဇာနည်ကျောက် တိုင်ကွင်း၏ ဘေးပတ်လည်မှဆိုင်ခန်းများ၊ဌာနဆိုင် ရာအဆောက်အဦများပိတ်ဆို့ထားမှုကိုဖယ်ရှားပေး ရန်အစီအစဉ်ရှိ၊ မရှိ တို့နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-16

၁၉၈၈ ခုနှစ်မတိုင်မီကာလတွင် စာသင်ကျောင်းများ၊ ဌာနဆိုင်ရာရုံးများ၊ လူမှုအဖွဲ့အစည်းများတွင် ဦးထွန်းထွန်း (ပွင့်ဖြူ)အာဇာနည်နေ့အခမ်းအနားများ ပြုလုပ်ကျင်းပပြီး မြန်မာ့အသံမှ ဥသြသံဆွဲခြင်းများ ပြုလုပ်ခဲ့သော်လည်း ယနေ့အချိန် အခါ၌ အာဇာနည်ကွင်းများ  ထပ်မံတိုးချဲ့ခြင်း၊ ပြုပြင်ခြင်းများပြုလုပ်ရာတွင် အကြောင်းအမျိုးမျိုးပြ၍ ဟန့်တားခြင်းများ ပြုလုပ်ခဲ့ပါကြောင်း၊

ယခုအခါ အာဇာနည်ကျောက်တိုင်ကို လက်ရှိလူငယ်လူရွယ်များနှင့် မြို့ခံ၊ ဒေသခံပြည်သူများရှိမှန်း မသိအောင် ဖြစ်ပေါ်နေပါကြောင်း၊ ထို့ကြောင့်  (၁) အာဇာနည်နေ့အခမ်းအနားများကို လွတ်လပ်စွာ ကျင်းပခွင့်ပြုရန် အစီ အစဉ်ရှိ/မရှိ။ (၂) အာဇာနည်ကျောက်တိုင်နှင့် အာဇာနည်ကွင်းများကို လွတ်လွတ် လပ်လပ်ပြင်ဆင် တိုးချဲ့ခွင့် ပြုရန်အစီအစဉ် ရှိ/မရှိ။ (၃) ပွင့်ဖြူမြို့ပေါ်ရှိ အာဇာနည်ကျောက်တိုင်ကွင်း၏ ဘေးပတ်ရှာ လယ်မှ ဆိုင်ခန်းများ၊ ဌာနဆိုင်ရာအဆောက်အဦများ ပိတ်ဆို့ဆောက်လုပ်ထားခြင်းကို ဖယ်ရှားပေးရန် အစီအစဉ်ရှိ/မရှိကို တို့ကိုသိရှိလိုပါကြောင်းမေးမြန်းပါသည်။