(ခ)-မောက်မယ်မြို့နယ်၊ဟိုနမ့်ကျေးရွာအုပ်စုနှင့်ပန်း တန်ကျေးရွာအုပ်စုသို့ ရာသီမရွေး ဆက်သွယ်သွား လာနိုင်မည့် လမ်းပိုင်း အားကျောက်ချော လမ်းပိုင်း အဖြစ်အဆင့်မြှင့်တင်ဆောင်ရွက် ပေးရန်အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း
မေးခွန်း အကြောင်းအရာ
မောက်မယ်မြို့နယ်ရှိ ဟိုနမ့်ကျေးရွာအုပ်စုနှင့် ပန်းတိုင်ကျေးရွာအုပ်စုတို့တွင် ပအိုဝ်းတိုင်းရင်းသားများ နေထိုင်ကြပြီး ယခင်က ဆက်သွယ်သွားလာရေးခက်ခဲသည့် ဒေသတစ်ခုဖြစ်ပါကြောင်း၊ ယခုလက်ရှိ အခြေအနေတွင် မောက်မယ်-ဟိုနမ့် ကတ္တရာလမ်းပိုင်း ဆောင်ရွက်ပြီး စီးခြင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကျေးရွာချင်းဆက်လမ်းများကို ရာသီအလိုက်ဆောင် ရွက် နိုင်ခဲ့သဖြင့် တောင်ပိုင်းဒေသတွင် ဆက်သွယ် သွားလာရေး လွယ်ကူသွားပြီဖြစ်ပါကြောင်း၊ ယခုတင်ပြသည့် မြောက်ပိုင်းဒေသ မြေသားလမ်းများကို ကိုယ့်အားကိုယ်ကိုး ကျောက်ချောလမ်း အဖြစ် ဆောင်ရွက် ခဲ့သော်လည်း ယနေ့တိုင် ပြီးစီးမှုမရှိခဲ့ပါကြောင်း၊ ယခင် က အောင်သုခ-ပုန်းအောင်-ထီပျဉ် မြေသားလမ်းနှင့် ဟိုနမ့်-ထီပျဉ်မြေသားလမ်း တို့ကိုလည်း ကျောက်ချော လမ်းဆောင် ရွက်ပေးပါရန် တင်ပြခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ပါကြောင်း၊ ယခုတင်ပြသည့် ဟိုနမ့်မှအောင်သုခ-ပုန်းအောင်-ထီပျဉ်မြေသားလမ်းမှာ ကျေးရွာလူထုမှ အများဆုံးအသုံးပြုသော လမ်းပိုင်းဖြစ်ပြီး မိုးရာသီတွင် ဆက်သွယ်သွားလာရေး လွန်စွာခက်ခဲပါသဖြင့် ကျောက်ချောလမ်းပိုင်းအဖြစ် အဆင့်မြှင့် တင်ပေးပါရန် တင်ပြတောင်းဆိုရခြင်း ဖြစ်ပါကြောင်း၊သို့ဖြစ်ပါ၍ မောက်မယ်မြို့နယ် ဟိုနမ့်ကျေးရွာ အုပ်စုနှင့် ပန်းတန်ကျေးရွာအုပ်စုတို့တွင် ရာသီအချိန်မရွေး ဆက်သွယ်သွားလာနိုင်မည့် အောင်သုခ-ပုန်းအောင်-ထီပျဉ် လမ်းပိုင်း အား ကျောက်ချောလမ်းပိုင်း အဖြစ် အဆင့်မြှင့် တင်ပေးနိုင်မည့် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။