(ဂ)-တောင်ကုတ်မြို့နယ်အတွင်းရှိလက်ပံကျွန့်ကျေး ရွာရွာဦးဘုန်းတော်ကြီးကျောင်းဝင်းအတွင်းချောက် ကမ်းပါးပြိုကျနေမှုများကိုထိန်းသိမ်းကာကွယ်ရန်ကမ်း ထိန်း နံရံများ ဆောက်လုပ်ပေးရန်အစီအစဉ်ရှိ/မ ရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-16

မေးခွန်း အကြောင်းအရာ

 

တောင်ကုတ်မြို့နယ်၊ တန်းလွှဲချောင်း၊လက်ပံကျွန့်ကျေးရွာအုပ်စု၊ လက်ပံကျွန့်ကျေးရွာသည် အိမ်ခြေ ၃၀၀ ခန့်၊လူဦးရေ ၁၅၀၀ ကျော်နေထိုင်လျက်ရှိပါကြောင်း၊ ဒေသခံများ၏ အဓိက စီးပွားရေး လုပ်ငန်းသည်လည်း လယ်ယာလုပ်ငန်းကို အဓိက စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်ကြ ပါကြောင်း၊ နှစ်စဉ်နှစ်တိုပြည်ထောင်စုဝန်ကြီး ဦးသန့်ဇင်မောင်င်း ရေကြီးရေလျှံမှုများကြောင့် ယခုအချိန်တွင် အဆိုပါရွာ၏ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ကမ်းပါးပြိုကျနေမှုများ ဆက်တိုက်ဖြစ်ပွား လျက်ရှိပါကြောင်း၊ကမ်းပါးပြိုကျနေမှုများကြောင့် ဒဿနိကအဆောက်အဦတချို့ကို ရေထဲမျောပါခြင်းမရှိစေရန် ဖျက်ထား ရပါကြောင်း၊ထိုအတိုင်းသာဆက်လက်ဖြစ်ပေါ်နေမည်ဆိုပါက ရွာလုံးကျွတ် နီးပါး ပြောင်း ရွှေ့ရမည့် အနေအထားကို သိပ်မကြာသောနှစ်များ အတွင်း ရောက်ရှိနိုင်မည်ဖြစ်သည့် အတွက် တောင်ကုတ်မြို့နယ် အတွင်းရှိ လက်ပံကျွန့်ကျေးရွာ ရွာဦးဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း ချောက်ကမ်းပါး ပြိုကျနေမှုများကို ထိန်းသိမ်း ကာကွယ်ရန် ကမ်းထိန်း နံရံများဆောက် လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။