(ဇ)-တန့်ဆည်မြို့နယ်ရှိ စည်တုံးလုံးချောင်းကူးတံ တားကြီးကိုနိုင်ငံတော်မှဆောက်လုပ်ပေးရန်အစီ အစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-16

မေးခွန်း အကြောင်းအရာ 

u myint tunမြို့၏မြောက်ဘက် သုံးမိုင်ခန့်အကွာတွင် စည်တုံးလုံးချောင်း ရှိပါကြောင်း၊၎င်းချောင်းကြီးသည် တန့်ဆည်မြို့နယ်၏ အနောက်မှ အရှေ့သို့ ဖြတ်သန်းသွားပြီး မူးမြစ်ထဲကို စီးဝင်ပါကြောင်း၊ ချောင်း ၏ မြောက် ဘက်တွင် ကျေးရွာပေါင်း ၆၂ ရွာ၊ အိမ်ထောင်စုပေါင်း တစ်သောင်းကျော်၊ လူဦးရေ ငါးသောင်း ကျော်ရှိပါကြောင်း၊ ၎င်းချောင်းသည် ရွှေဘို-ရေဦး-တန့်ဆည်-ကျွန်းလှကို ဆက်သွယ် ရန် ဖောက်လုပ် ထားသည် လမ်းမကြီးပေါ်တွင် ကန့်လန့်ဖြတ်တည်ရှိနေပါကြောင်း၊ မိုးရာသီတွင် ရေစီးသန်သည့် အတွက် ကျောင်းသူ/ ကျောင်းသား များ ကျောင်းသွားရာတွင် လည်းကောင်း၊ ကျန်းမာရေး၊ စီးပွားရေး၊ ရုံး ကိစ္စ၊ ကောက်ပဲ သီးနှံ သယ်ရာတွင်လည်း အခက်အခဲများဖြစ်ပေါ်နိုင်ပြီး ၎င်းချောင်းကို တံတား တည်ဆောက်မည်ဆိုပါက  မြို့နယ်တွင် လမ်းပန်းဆက်သွယ်ရေး ကောင်းသွားပြီး ကျွန်းလှမြို့နယ် ၊ ကန့်ဘလူမြို့ နယ် အထိ သွား လာနိုင်သည်အတွက် တံတားတစ်စင်းမရှိမဖြစ် လိုအပ်သည်ဟု ထင်ပါ ကြောင်း၊ အစိုးသစ်သက်တမ်းတွင် တန့်ဆည်မြို့နယ်ရှိ စည်တုံးလုံးချောင်းကူးတံတားကြီးကို နိုင်ငံတော်မှ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။