(ည)-သထုံမြို့နယ်၊ လိပ်အင်းရပ်ကွက်မှ ပေါ်တော်မူကျေးရွာသို့ ဆက်သွယ်သည့် တံတားအား ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
သထုံမြို့နယ်၊ လိပ်အင်းရပ်ကွက်၊ ရန်ကင်းလမ်းနှင့် ပေါ်တော်မူကျေးရွာသို့ ဆက်သွယ်နေသော ရေပုတ်ချောင်းတံတားသည် ရှေးယခင်ကတည်းက ရပ်ကွက်နှင့် ကျေးရွာ ဆက်သွယ်ထားသော သစ်သားတံတားကြီးဖြစ်ပါကြောင်း၊ ကာလကြာမြင့်လာပြီဖြစ်သောကြောင့် တံတားကြီးသည် ယိုယွင်းပျက်စီးလာသည့်အတွက် အလှူရှင်တစ်ဦးမှ ဦးဆောင်၍ ပြန်လည်ပြုပြင်ပေးခဲ့သဖြင့် ဆက်သွယ်မှု လွယ်ကူခဲ့ရပါကြောင်း၊ သို့ရာတွင် ယခုအခါ၌ မိုးရာသီ ရေစီးအားကောင်းသောကြောင့် တံတားတိုင်များ ပြိုကျပျက်စီးသွားခဲ့ပါကြောင်း၊ ၎င်းတံတားကြီးအား ပြန်လည်တည်ဆောက်ပေးခဲ့ပါက ရပ်ကွက်နှင့်ကျေးရွာ ဆက်သွယ်သွားလာမှု ကောင်းမွန်မည့်အပြင် မြို့ပတ်လမ်းအဖြစ် အသုံးပြုနိုင်မည်ဖြစ်ပြီး ယာဉ်တိုက်မှုအန္တရာယ် များလည်း လျော့ကျသွားနိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ သထုံမြို့၊ လိပ်အင်းရပ်ကွက်နှင့် ပေါ်တော်မူကျေးရွာသို့ ဆက်သွယ်သော ရေပုတ်ချောင်းပေါ်ရှိ တံတားကြီးအား ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ၊ ရှိပါက မည်သည့်အချိန်တွင် တည်ဆောက်ပေးမည်နှင့် မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။