(က)-လမ်းတံတားများကိုအကောင်အထည်ဖော် ရာတွင်လုပ်ငန်းခွင်နှင့်အင်ဂျင်နီယာ၊စက်ယန္တရား ပြည့်စုံမှု၊ကျွမ်းကျင်အလုပ်သမားကိစ္စ၊အချိန်မီပြီး စီးနိုင်ရေးနှင့် သတ်မှတ်အရည်အသွေးအတိုင်း ပြည့်မီရေးတို့အတွက်မည်ကဲ့သို့ဆောင်ရွက်နေ သည်ကို သိလိုခြင်း နှင့်စပ်လျဉ်းသည့်မေးခွန်
မိမိတို့ လမ်း၊ တံတားများအကောင်အထည်ဖော်ရာတွင် ဌာနဆိုင်ရာကဆောင်ရွက်ခြင်း၊ တင်ဒါများမှ ဆောင်ရွက်ခြင်းများ ရှိပါကြောင်း၊ အဆိုပါ လုပ်ငန်းများကို ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် စစ်ဆေးသည့် အခါ အရည်အသွေးမပြည့်မီသည်တို့ကို တွေ့ရှိရပါကြောင်း၊ အထူးသဖြင့် ဆောက်လုပ်ရေးက လုပ်ဆောင် သော လုပ်ငန်းများတွင်လည်း အရည်အသွေးမပြည့်မီခြင်းများ တွေ့ရှိရပါကြောင်း၊ တည်ဆောက်ရေးကို ကြည့်သည့်အခါ SAE တို့က အဓိကတည်ဆောက်သည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့က မြို့နယ် အင်ဂျင်နီယာများ ဖြစ်သော AE များနှင့် လိုက်ကြည့်သည့်အခါ အဆင်မပြေ၍ မိမိတို့ပြောသည့်အခါ AE တို့ကလည်း CE ကို ပြည်နယ်အင်ဂျင်နီယာမှူးကို ဖြေရန်ပြောပါကြောင်း၊ မိမိတို့က ၎င်းအခြေအနေ အားလုံးပြည့်စုံစေရန် ကြည့်သည့်အခါ လုပ်ငန်းခွင်နှင့်အင်ဂျင်နီယာရွေးချယ်မှုက အဓိကဖြစ်နေပါ ကြောင်း၊ အဘယ်ကြောင့်ဆိုသော် လုပ်ငန်းခွင်နှင့်အင်ဂျင်နီယာကို တင်ဒါကဲ့သို့မဟုတ်ဘဲ ဝန်ကြီးဌာန အတွင်း မည်ကဲ့သို့စီမံခန့်ခွဲသည်ဆိုပါက ပြည်နယ်က အင်ဂျင်နီယာ CE များက အဓိကလုပ်ငန်းကို အင်ဂျင်နီယာနှင့် တွဲဖက်ပြီးချပေးပါကြောင်း၊ ထို့ကြောင့် ချပေးသည့်သူက CE (ပြည်နယ်အင်ဂျင်နီယာ) တည်ဆောက်သည့်သူက SAE ဖြစ်သည့်အတွက် အရည်အသွေးမပြည့်မီသည်ကို မြို့နယ်အင်ဂျင်နီယာ၊ ခရိုင်အင်ဂျင်နီယာဖြစ်သော AE နှင့် EE တို့ကပြော၍ အဆင်ပြေပါ့မလားဆိုသည်က မိမိတို့ စဉ်းစားစရာ ဖြစ်လာပါကြောင်း၊ ထို့အပြင် ဝန်ထမ်းအချင်းချင်း ကြားထဲတွင် ပါဝါအလွန်ကြီးသည့် ပုံစံဖြစ်နေသည့် အတွက် မိမိကအဆိုပါကိစ္စကို လေ့လာဆန်းစစ်နိုင်ရန်အတွက် ထပ်မံစုံစမ်းပြီး မေးခွန်းမေးမြန်းရန် လုပ်ဆောင်သည့်အချိန်တွင် သမ္မတရုံးက (၁/၂၀၁၇) ဖြင့် အစိုးရဌာနအဖွဲ့အစည်းများ၏ တည်ဆောက် ခြင်း၊ ပစ္စည်းဝယ်ယူခြင်း၊ ဝန်ဆောင်မှုရယူခြင်း၊ ငှားရမ်းခြင်းများဆောင်ရွက်ရာတွင် လိုက်နာရမည့်တင်ဒါ လုပ်ထုံးလုပ်နည်းဟူ၍ ထွက်ရှိလာပါကြောင်း၊ ရည်ရွယ်ချက်များက နိုင်ငံတော်၏ဘဏ္ဍာရန်ပုံငွေတို့ကို လေလွင့်ဆုံးရှုံးမှုမရရှိရန်၊ အဂတိလိုက်စားမှုမရှိစေရန်၊ တင်ဒါကို မှန်ကန်မျှတသည့်ယှဉ်ပြိုင်မှုဖြစ်ရန်၊ ပွင့်လင်းမြင်သာရန်၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန်ဟူ၍ ရည်ရွယ်သည်ကို တွေ့ရှိရသည့်အပြင် ပြည်သူတို့၏ အမြင်တွင်လည်း သံသယကင်းရှင်းရန်အတွက် တင်ဒါအောင်မြင်သော လုပ်ငန်းရှင်ကုမ္ပဏီများက သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီး အကြီးအကဲများ၊ ထို့နောက် တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့တို့၏မိသားစုများနှင့် လူမှုရေးအရ၊ စီးပွားရေးအရ၊ လုပ်ငန်းအရ ပတ်သက်ခြင်းတို့ရှိပါက ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြခွင့်ပြုချက်ရယူရမည်ဟူ၍ ပါရှိပါကြောင်း၊ တင်ဒါရွေးချယ်ရာတွင် မလျော်သြဇာသုံး၊ တစ်နည်းနည်းဖြင့် လွှမ်းမိုးဆောင်ရွက်ခြင်းများကိုလည်း လက်မခံဘဲ တရားမျှတစွာဖြင့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရန်ဟူ၍ တွေ့ရှိရပါကြောင်း၊ နောက်ဆုံးအချက်တွင် ပြည်ထောင်စု တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရဌာနအဖွဲ့အစည်းများအနေဖြင့် တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်း၊ ဝန်ဆောင်မှုရယူခြင်း၊ ငှားရမ်းခြင်းနှင့် ရောင်းချခြင်းတင်ဒါများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်ကြရန်ဖြစ်ပါသည်ဟူ၍ လမ်းညွှန်ထားသည်ကို တွေ့ရှိရပါသော်လည်း မိမိတင်ပြခဲ့ သကဲ့သို့ အရည်အသွေးမပြည့်မီခြင်းတို့က (၁/၂၀၁၇) ထွက်ရှိလာ၍ မိမိတို့၏ဘဏ္ဍာငွေသုံးစွဲသည့်အခါ လက်ရှိအခြေအနေထိ မည်မျှလိုက်နာပြီး အကောင်အထည်ဖော်နေသည်မှာ မေးခွန်းထုတ်စရာ ဖြစ်လာ ပါကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ယခု (၁/၂၀၁၇) အတိုင်း မလုပ်ဆောင်သည့်လုပ်ငန်းများ တွေ့ရှိလာ သည့်အတွက် အဓိကမေးမြန်းလိုသည်မှာ ယခု (၁/၂၀၁၇) ညွှန်ကြားချက်၊ ကန်ထရိုက်စနစ်ဖြင့် လုပ်ငန်း များတည်ဆောက်ရာတွင် လိုက်နာကျင့်သုံးရမည့် လုပ်ငန်းလမ်းညွှန်တို့အပေါ် လိုက်နာမှုမရှိသည့် ဝန်ထမ်း၊ ကုမ္ပဏီများကို ထိထိရောက်ရောက်အရေးယူရန် အစီအစဉ်ရှိ/မရှိ၊ လမ်း၊ တံတားများကို အကောင်အထည်ဖော်ရာတွင် လုပ်ငန်းခွင်နှင့် အင်ဂျင်နီယာ၊ စက်ယန္တရားပြည့်စုံမှု၊ ကျွမ်းကျင်အလုပ် သမားကိစ္စ၊ အချိန်မီပြီးစီးနိုင်ရေးနှင့် သတ်မှတ်အရည်အသွေးအတိုင်းပြည့်မီရေးတို့အတွက် မည်ကဲ့သို့ စီမံဆောင်ရွက်နေသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။