(ခ)-ပြည်ပမှ ပြည်တွင်းသို့ ဆေးဝါးများ ဖြန့်ချိရာတွင် မူလဆေးဝါး ဖြန့်ချိရေးကုမ္ပဏီမှN.O.Cကန့်ကွက်ရန် မရှိကြောင်းအသိပေးစာပါဝင်မှသာဖြန့်ချိရေးကုမ္ပဏီ အသစ်တစ်ခုပြောင်းလဲနိုင်ခြင်းအားပယ်ဖျက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
နိုင်ငံခြားက ဆေးနှင့်ဆေးထုတ်လုပ်သည့် ကုမ္ပဏီများသည် မြန်မာနိုင်ငံကို ဆေးဝါးတင်သွင်းရောင်းချရန် ပထဦးဆုံး FDA မှ အသိအမှတ်ပြုသည့် DRC-Drug Registration Certificate ရအောင် ဆောင်ရွက်ရပါကြောင်း၊ဒုတိယအဆင့် အနေဖြင့် ပြည်တွင်း ကို ဆေးဝါးများ တင်သွင်းနိုင်ရန်အတွက် ပြည်တွင်း ကုမ္ပဏီတစ်ခုခုကို Letter of Authorization ကိုယ်စားလှယ် လွှဲစာ ပေးရပါကြောင်း၊၎င်း ကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသည့် ပြည်တွင်းကုမ္ပဏီက FDA ကို DIAC ဟုခေါ်သည့် Drug Importation Approval Certificate ထပ်မံလျှောက် ထားရပါကြောင်း၊DIAC ရသည့် အချိန်ကျမှ ပြည်တွင်းကို ဆေးနှင့် ဆေးပစ္စည်းများ တင်သွင်းခွင့်ရရှိခြင်း ဖြစ်ပါကြောင်း၊ ယခုလို အဆင့်ဆင့်ဆောင်ရွက် လုပ်ဆောင်နေ ရခြင်းက လည်း ပြည်တွင်း တွင် ရှိနေ သည့် ပြည်သူများအတွက် စစ်မှန်သော၊ အရည်အသွေးပြည့်ဝသည့် ဆေးပစ္စည်းများ ရောက်ရှိအောင် ဆောင်ရွက်နေရခြင်း ဖြစ်သည့်အတွက် သင့်တော် သည်ဟု မိမိအနေဖြင့် ယူဆ ပါကြောင်း၊ ပြည်ပ ကုမ္ပဏီများ က ပြည်တွင်း တွင် ဆေးများဖြန့်ချိ မည်ဆို ပါက ဖြန့်ချိခွင့် ရရှိထား သည့် ပြည်တွင်းကုမ္ပဏီများနှင့် ချိတ်ဆက်ဆောင်ရွက် ရပါကြောင်း၊ ကုမ္ပဏီ အချို့၏ ဖြန့်ချိရေးပိုင်းအားနည်းမှုများကြောင့် တရားဝင်အသိအမှတ်ပြု ဆေးဝါး များသည် ဆေးရုံ၊ ဆေးခန်း၊ ဆေးဆိုင်များအနှံ့ မရောက်ရှိ ခဲ့ပါက အရည် အသွေးပြည့် မီသည့် ဆေးဝါးများသည် ပြည်သူများလက်ဝယ်သို့ ရောက်ရှိရန်အခက်အခဲများ ဖြစ်ပေါ်လာပါကြောင်း၊ မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း ကုန်သည်များနှင့် လုပ်ငန်းရှင်များ အသင်းက ချမှတ် ထားသည့် စည်းမျဉ်းအရ ကန့်ကွက်ရန် မရှိကြောင်း အသိပေးစာ၊မူလဖြန့်ချိ သည့် ကုမ္ပဏီက ကန့်ကွက်ရန်မရှိကြောင်း အသိပေးစာ ပါရှိမှသာ နောက်ထပ်ဖြန့်ချိရေးကုမ္ပဏီတစ်ခုကို လွှဲပြောင်းပေးနိုင်မည် ဖြစ်ပါကြောင်း၊ထို့အပြင် ဖြန့်ချိရေးလုပ်ငန်းကို စတင်လုပ်ကိုင်လိုသည့် ပြည်တွင်းလုပ်ငန်းရှင်များအတွက်ကိုလည်း ပိတ်ပင် တားဆီး ထားသလို ဖြစ်နေ ပါကြောင်း၊ ဖြန့်ချိရေး အပိုင်းအားနည်းသည့် ကုမ္ပဏီအချို့ကြောင့် အရည်အသွေး ပြည့်မီသည့်ဆေးများ၊ ဆေးပစ္စည်းများသည် ဈေးကွက်သို့ ကျယ်ကျယ်ပြန့်ပြန့် မရောက် ရှိနိုင်ခြင်းဖြစ် ပါကြောင်း၊ ပြည်တွင်းဆေး ပစ္စည်းဈေးကွက်တွင် FDA အသိ အမှတ်ပြုမှုများ လည်းမပါဝင်သော ပြည်တွင်းကို တင်သွင်းဖြန့်ချိရန်အတွက် DIAC ကဲ့သို့သော အရည်အသွေးစစ်ဆေး ချက်များလည်းမပါရှိသည့် အထောက် အထားမဲ့ တရားမဝင် တင်သွင်းဆေးများ၊အရည်အသွေးမပြည့် မီ သော ဆေးဝါးနှင့်ဆေးပစ္စည်းအတုများ အလုံးအရင်းနှင့်ဝင်ရောက်လာခြင်းနှင့် သက်တမ်းလွန် ဆေးဝါးများကိုလည်း ဆက်လက် ရောင်း ချနေခြင်းများ ဖြစ်ပေါ် လာရခြင်းဖြစ် ပါကြောင်း၊သို့ဖြစ်ပါ၍ အရည်အသွေးပြည့်မီပြီး စစ်မှန်သောဆေးနှင့်ဆေးပစ္စည်းများကို လွယ်ကူ လျင်မြန်စွာ ရရှိနိုင်ရေး သည် ပြည်သူများ၏ အသက်အန္တရာယ်နှင့် တိုက်ရိုက် သက်ဆိုင်နေ ပါသဖြင့် မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်း ကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်းမှ ချမှတ်ထားသော မမျှတသည့် စည်းကမ်းချက်များကို ပယ်ဖျက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိ လိုပါကြောင်း မေးမြန်းပါသည်။