(ဂ)-ပုလဲမြို့နယ်ရှိ(၂၅)ခုတင်ဆံ့ဆေးရုံအားခုတင် (၅၀)ဆံ့တိုက်နယ်ဆေးရုံဖြစ်အဆင့်တိုးမြှင့်ဆောက် လုပ်ပေးရန်အစီစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
စစ်ကိုင်းတိုင်းဒေသကြီး၊ပုလဲမြို့နယ်ရှိ ပြည်သူ့ဆေးရုံကြီးအား ပုလဲတစ်မြို့နယ်နှင့် အခြားနီးစပ်ရာ ကျေးရွာများမှ အားကိုးအားထား ပြုနေရသော ဆေးရုံကြီးဖြစ်ပါကြောင်း၊ ဆေးရုံကြီးကို ၁၅-၆-၁၉၅၇ ရက်နေ့တွင် ဆေးပေးခန်းအဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၆၂-၁၉၆၃ ခုနှ စ်မှစ၍ ၁၆ ခုတင်ဆံ့မြို့နယ်ဆေးရုံအဖြစ်လည်းကောင်း ၁၆-၁-၂၀၁၆ ရက်နေ့မှစပြီး ၂၅ ခုတင်ဆံ့ မြို့နယ်ဆေးရုံအဖြစ် တိုးချဲ့ဖွင့်လှစ်ခဲ့ပါကြောင်း၊ ပုလဲမြို့နယ်ဆေးရုံကြီးသည် ယင်းမာပင် မြို့ဆေးရုံနှင့် ၁၁ မိုင်၊ မုံရွာဆေးရုံနှင့် ၃၂ မိုင်အကွာ တွင် ရှိနေပြီး မြို့နယ်ချင်းဆက်စပ်လျက် ရှိသော ဆားလင်းကြီးမြို့၊ ယင်းမာပင်မြို့၊ဂန့်ဂေါမြို့နှင့် မြိုင်မြို့နယ်တို့မှ နီးစပ်ရာ ကျေးရွာများမှ လူနာများပါ အားကိုးအားထားပြုရာ ဆေးရုံတစ်ရုံဖြစ်သည့်အတွက် လူနာနှင့် ဆေးရုံ မမျှတသည့် အခြေ အနေဖြစ်နေပါကြောင်း။
၂၀၁၅ ခုနှစ်တွင် ဆေးရုံ၏ အတွင်းလူနာ ၂၇၃၅ ဦးနှင့် ပြင်ပလူနာ ၂၆၈၇ ဦး၊ မွေးလူနာ ၅၀၆ ဦးထိ ကုသပေးခဲ့ရသည်ဟု မှတ်တမ်းများအရ သိရပါကြောင်း၊ များပြားလှသော လူနာများကို လက်ခံကုသနေရသော ဆေးရုံကြီး၏ အခြေအနေနှင့် ဆေးရုံကြီးဝန်ထမ်းများ နေထိုင်နေရသော အခြေအနေသည် ဆိုးဝါးပျက်စီးနေပါကြောင်း၊ ဝန်ထမ်းများ အနေဖြင့် ဆေးရုံကြီး ကို ပြုပြင်ပေးရန်နှင့် ဝန်ထမ်းအိမ်ရာများကို ပြုပြင်ပြောင်းလဲပေးရန် တောင်းဆိုနေကြပါကြောင်း။
ဆေးရုံကြီးသည် သက်တမ်းကြာရှည်နေပြီဖြစ်သည့်အတွက် ဟောင်းနွမ်းပျက်စီးနေသည့်အပြင် တိုးတက်လာသော လူဦးရေအရလည်း အဆင့်တိုးမြှင့်ရန် လိုအပ်နေပြီဖြစ်ပါကြောင်း၊ အဆောက်အဦ တိုးချဲ့ဆောက်လုပ်မည်ဆိုပါက မြေအကျယ်အဝန်း ၆.၁၁ ဧကလည်း ရှိသည့်အတွက် ယခုလက်ရှိ ၂၅ ခုတင်ဆံ့ဆေးရုံမှ ခုတင် ၅၀ ဆံ့စံကိုက် ဆေးရုံအဖြစ် တိုးချဲ့ပေးပါရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။