(ဂ)-နမ့်ဆန်မြို့နယ်ရှိကွမ်ဟယ်နှင့်မြို့သစ်ကျေးလက် ကျန်းမာရေးဌာနများအား(၁၆)ခုတင်ဆံ့တိုက်နယ်ဆေး ရုံအဖြစ်တိုးမြှင့်ဖွင့်လှစ်ခွင့်ပြုရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ကွမ်ဟယ်တိုက်နယ်ဆေးရုံကို ဖွင့်လှစ်ခွင့်ရရှိမည်ဆိုပါက ကျေးရွာအုပ်စုခြောက်စု၊ ကျေးရွာပေါင်း ၄၂ ရွာမှာရှိသည့် လူဦး ရေ ၁၈၃၆၅ ဦးအတွက် အကျိုးကျေးဇူးကို ခံစားကြရမည်ဖြစ်ပါကြောင်း၊ ကွမ်ဟယ် ကျေးရွာသည် ခုတင်၅၀ဆံ့ပြည်သူ့ဆေးရုံနှင့် ၁၅ မိုင်ခန့်ကွာဝေးသည့်အတွက် သွားရောက်ကုသခံရန် ခက်ခဲသည့် အနေအထားဖြစ်ပါကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန မှ ကွမ်ဟယ်တိုက်နယ်ဆေးရုံ အတွက် လိုအပ်သည့် အဆောက် အဦများ ကို ဆောက်လုပ်ထားပြီးဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးထားခြင်း မရှိသေးသဖြင့် တိုက်နယ်ဆေးရုံအတွက် လိုအပ်သည် ဖြည့်ဆည်းမှု များ ဆောင်ရွက်ပေးနိုင်ခြင်း မရှိသည့်အတွက် အသုံးပြု၍လည်း မရသေးပါကြောင်း၊ အဆောက် အဦသက်သက်သာ ရှိနေပါသည့်အတွက် တိုက်နယ်ဆေးရုံ ပတ်ဝန်းကျင်တွင် အကာအရံများ မရှိသဖြင့် ကျွဲ၊ နွား၊ တရိစ္ဆာန်များ ဝင်ရောက်ဖျက်ဆီး မည်ကိုလည်းစိုးရိမ်ရပါကြောင်း၊ ထို့ကြောင့် အဆိုပါဆေးရုံအား ၁၆ခုတင်ဆံံ့ တိုက်နယ်ဆေးရုံအဖြစ် အဆင့်မြှင့်ရန်လို အပ်ပါကြောင်း၊
မြို့သစ်ကျေးရွာအနေဖြင့်လည်း နမ့်ဆန်မြို့နယ်ရှိ ပြည်သူ့ဆေးရုံကြီးနှင့် ၁၄ မိုင်ခန့်ကွာဝေးပါကြောင်း၊ ထို့ကြောင့် တောင်သူများမှ ကျေးလက်ေ ဆးပေးခန်း ကိုသာ အထူးအားထားနေရသည့်အတွက် အဆိုပါ ကျေးလက်ဆေးပေးခန်းကို တိုက်နယ်ဆေးရုံအဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ရန် လိုအပ်ပါကြောင်း၊ မြို့သစ်ကျေးလက် ကျန်းမာရေးဌာနကို တိုက်နယ်ဆေးရုံအဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ရန် အတွက် လိုအပ်သည့်မြေနေရာရှိပါကြောင်း၊ တင်ပြထားသည့်မြေနေရာ အကျယ်အဝန်းလုံလောက် မှုမရှိပါက နေရာအသစ်များ ထပ်မံရရှိကြောင်းကိုလည်း တင်ပြထားပါကြောင်း၊
ယခုမေးခွန်းကို ၂၀၁၅-၁၆တွင်လည်း ကွမ်ဟယ်နှင့် မြို့သစ်တိုက်နယ်ဆေးရုံဖွင့်လှစ်ခွင့်နှင့် ဖွဲ့စည်းပုံခွင့်ပြု ချက်ရရှိမည်ဆိုပါက လိုအပ်သည့်အဆောက် အဦများ ကို ဆောက်လုပ်ပေးမည်ဟု ဖြေကြားထားပါကြောင်း၊ သို့သော် ယခုအချိန်အထိမရရှိသေး သည့်အတွက် ကျေးလက်ကျန်းမာရေးဌာနမှ ၁၆ ခုတင်ဆံ့တိုက်နယ်ဆေးရုံအဖြစ်သို့ လည်းကောင်း၊ မြို့သစ်ကျေးရွာတွင်ရှိသည့် ကျေးလက်ကျန်းမာရေးဌာနအား ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံအဖြစ်သို့ ဖွဲ့စည်းပုံနှင့်အညီ အဆင့်မြှင့် တင်လုပ်ဆောင်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် မရှိပါက မည်သည့်အတွက် မရှိပါကြောင်းနှင့် အစီအစဉ်ရှိသည်ဆိုပါက မည်သည့်အချိန်တွင် ဆောင်ရွကေ်ပးမည်ကို သိရှိလိုပါ ကြောင်း မေးမြန်းပါသည်။