(က)-မြန်မာ့ရုပ်ရှင်လုပ်ငန်းပြည်တွင်း၌ဦးမော့လာရုံ သာမကပြည်ပဈေးကွက်သို့ ပါဝင်ရောက်နိုင်ရေးအ တွက်နိုင်ငံတော်အစိုးရကမြန်မာ့ရုပ်ရှင်လောကသား များအားထိထိရောက်ရောက်ကူညီပံ့ပိုးပေးရန်အစီ အစဉ်ရှိ/မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-16

မေးခွန်း အကြောင်းအရာ 

u myint lwinမိမိတို့နိုင်ငံ၏ ပထမဆုံး ရုပ်ရှင် ဇာတ်ကားအဖြစ် ဖေဖုရှိန်တွင်  တစ်ယောက် အပါအဝင်ဖြစ်သော  ဦးထွန်းရှိန်၏ ဇာပန မှတ်တမ်းတင်ရုပ်ရှင်ကားရိုက်ခဲ့သည်မှာ နောက်သုံးနှစ် ဆိုပါက နှစ်တစ်ရာပြည်‌့ပြီဖြစ် ပါကြောင်း၊ထို့ကြောင့် အရှေ့တောင်အာရှတွင် ရုပ်ရှင် သက်တမ်း အရင့်ဆုံးဟု ပြောနိုင်သည့်အပြင် မိမိတို့ နိုင်ငံ၏  ရုပ်ရှင်လုပ်ငန်း၊ ရုပ်ရှင် လောကအဆင့်အတန်းသည်လည်း မြင်‌့မားခဲ့ပါကြောင်း၊  ဟောလိဝုဒ်မှ မင်းသားများနှင့် မိမိတို့ မြန်မာမင်းသမီးများ တွဲဖက်သရုပ်ဆောင်ခြင်း၊ ဟောလိဝုဒ်က မင်းသားနှင့်  မိမိတို့ ဒါရိုက်တာများ  တွဲဖက်၍ ရုပ်ရှင်လာရိုက်ခြင်းများကို ဆောင်ရွက်နိုင်သည့်အထိ  ရုပ်ရှင်လုပ်ငန်းသည်  ဖွံ့ဖြိုးတိုးတက်ခဲ့ပါကြောင်း။

သို့သော် ရုပ်ရှင်လောကတွင်  ရုပ်ရှင်ကင်ပေတိုင်ပေါ်လာခြင်းကြောင့် ရုပ်ရှင်လောကကြီးတစ်ခုလုံးသည် ကျဆင်း သွားခဲ့ပြီး နိုင်ငံ တကာကိုလည်း ထိုးဖောက်နိုင်မှု မရှိခဲ့ပါကြောင်း၊ယခုအခါ ဒီမိုကရေစီအစိုးရသစ်လက်ထက်သို့ ရောက်ရှိလာပြီဖြစ်သည့်အတွက်  ရုပ်ရှင်လုပ်ငန်းကို ပြန်လည်ဖွံ့ဖြိုးတိုးတက်ရန် ရုပ်ရှင်လောကသားများကြိုးစား ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်အစိုးရအနေဖြင့် ပံ့ပိုးကူညီပေးသင့်သည်ဟု မိမိအနေဖြင့်ယူဆပါကြောင်း၊ယခုအခါ ရုပ်ရှင်လုပ်ငန်းသည် ကမ္ဘာပေါ်တွင် ဝင်ငွေရသော  Export လုပ်ငန်းဖြစ်နေပါကြောင်း၊ ဒေသတွင်းနိုင်ငံများအနေဖြင့် ရုပ်ရှင်လုပ်ငန်းက ဝင်ငွေများ များစွာရရှိသော်လည်း မိမိတု့ိနိုင်ငံအနေဖြင့် ပြည်တွင်းတွင် ရှင်သန်အောင် ရပ်တည်ရန်ကိုပင် ခက်ခဲနေပါကြောင်း၊ အထူးသဖြင့် ရုပ်ရှင်ရုံများ နည်းပါးသွားခြင်းကိုကြည့်မည်ဆိုပါက ၁၉၅၀ ခုနှစ်ခန့်တွင် ရုပ်ရှင်ရုံ ၂၅၀ ခန့်၊ ၁၉၈၀ ခုနှစ်ဝန်းကျင် တွင် ရုပ်ရှင်ရုံ ၄၀၀ ခန့်ရှိသော်လည်း ယခု အချိန်တွင် တစ်ပြည်လုံးအတိုင်းအတာဖြင့် ရုပ်ရှင်ရုံ ၄၀ ကျော်သာ ရှိပါကြောင်း၊ ရုပ်ရှင်လောကသားများအနေဖြင့် တခြား‌သောရုပ်ရှင်လောကသားများနှင့် ယှဉ်ပြိုင်နိုင် သော်လည်း ရုပ်ရှင် လုပ်ငန်းသည် ထိုးစိုက်ကျဆင်းနေပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုအစိုးရအနေဖြင့် ရုပ်ရှင် လောကသားများ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရန်၊ရုပ်ရှင်လုပ်ငန်းကို Export ဖြစ်အောင် ဆောင်ရွက်ရန်နှင့် ရုပ်ရှင်လောက သားများ၏  ဘဝများ  ဖွံ့ဖြိုးတိုးတက်လာရန် ရေရှည်၊ ရေတို အစီအစဉ်များ ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။