(ဂ)-ကမ်းရိုးတန်းဒေသများတွင်ဝါးလတ်၊ဝါးတန်းနှင့် ငါးဖမ်းရေယာဉ်များကိုခေတ်မီသံခွံကိုယ်ထည်ဖြင့်ပြည် တွင်း၌စတင်တည်ဆောက်ခွင့်ပြုနိုင်ခြင်းရှိ/မရှိနှင့်စပ် လျဉ်းသည့် မေးခွန်း

2020-12-16

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ကျွန်စု မြို့နယ်များတွင် ငါးဖမ်းစက်လှေများ ဝါးလတ်၊ ဝါးတန်းများတွင် စာရင်းအရဒရွတ်ဆွဲစက်လှေ ၆၂၈ စီး၊ ဝိုင်းချုပ် ၂၄၁ စီး စုစုပေါင်း ၈၉၆ စီး တရားဝင်မှတ်ပုံ တင်ထားသော်လည်း အမှန် တကယ် ဖမ်းဆီးနေကြသည်မှာ ၂၀၀၀ ခန့်ရှိပါကြောင်း၊ လေလံအောင်ပြီး ငါးဖမ်းစက်လှေများမှာလည်း ဂရန်ကိုသာရယူ၍ စက်လှေအသုံးမပြုကြဘဲ သစ်မာ၊ ဝါးများဖြင့် အသစ်တည်ဆောက် ၍ လေလံအောင်လှေဟောင်း များ ကို အခေါ်ကိုယ်တီများအတိုင်း စွန့်ပစ်ထား၍ သံချခြင်းကြောင့် သံခေါ်လှေများဖြင့် အစားထိုးပြောင်းလဲအသုံးပြုခွင့်ရမည်ဆိုပါက ယခုကဲ့သို့ ပုံမှားရိုက်၍ စက်လှေပွားများခြင်းမှလည်း ကာကွယ်နိုင်ပါဖြင့် ငါးဖမ်းစက်လှေ ဦးရေ များ ကို တွက်ချက်နိုင်မည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရှိ ကမ်းရိုးတန်းဒေသကြီးများတွင် ငါးဖမ်းစက်လှေများ ဆောင်ရွက်နေသည့် ဝါးလတ်၊ ဝါးတန်ငါးဖမ်း ယာဉ်များသည် အသုံးပြုသည့် သစ်မာကိုယ်ထည်မှာကြံ့ခိုင်မှု အားနည်းခြင်း ၊သစ်မာများဖြင့် တည်ဆောက်ရန်မှာ သစ်အဆမတန်ခုတ်ယူမှုကြောင့် ယခုအချိန်တွင် သစ်များရှားပါးခြင်းကြောင့် နောင်ကာလများတွင် ငါးဖမ်းယာဉ်တည်ဆောက်ရာတွင် သစ်မာများလည်း လိုအပ်မြဲ လိုအပ်နေ မည်ဖြစ် ပါကြောင်း၊ သစ်တောပြုန်းတီးမှုကို လျှော့ချရာတွင် ကိုယ်ထည်ကြံ့ခိုင်သော ခေတ်မီသံခုံထိုင်များအဖြစ် အလျား ၈၅ ပေမှ ၁၀၀ ပေအတွင်း၊ အနံ သည် ၁၀ မှ ၂၅ ပေ၊ အမြင့်ရည်စူး ၉ ပေမှ ၁၂ ပေအတွင်း ငါးဖမ်း ယာဉ်များ ကို ပြည်တွင်း၌ တည်ဆောက်ခွင့်ရရှိမည်ဆိုပါက သံကိုယ်ထည်ငါးဖမ်းရေယာဉ်များသည် ဒီဂရီ ၁၀၀ ထက်ရှိသော ရေယာဉ်ကြီးများ ဖြစ်ခြင်းကြောင်‌့ ကမ်းနီးဝင်ရောက်၍ ငါးဖမ်းခြင်းလုပ်ငန်း နည်းပါး လာမည်ဖြစ် ပါကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး အပါအဝင် ငါးဖမ်းလုပ်ငန်း ဆောင်ရွက်ကြသည့် ဒေသကြီးများတွင် ကမ်းနီးတွင်းဝါးလတ်၊ဝါးတန်း ငါးဖမ်းယာဉ်များ ဝင်ရောက်ဖမ်းဆီးနေခြင်းကြောင့် ဒေသခံတို့၏ တစ်နိုင်တစ်ပိုင် မိရိုးဖလာ လုပ်ငန်း များသည် စားကျက်ပျောက်ကွယ်လုနီးပါး အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအတွင်း ရေလုပ်ငန်းမှာ နိုင်ငံခြားသို့ တင်ပို့ရောင်း ချခြင်းအားဖြင့် နိုင်ငံခြား ဝင်ငွေ ရှာဖွေပေးနိုင်ခြင်းသည် အဓိကကျသည့် လုပ်ငန်းတစ်ရပ်‌ဖြစ်ပါကြောင်း၊ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် ဒုတိယခြောက်လပတ် ပြည်ထောင်စု အခွန်ရငွေစာရင်းတွင် အခွန်ကောက်ခံရရှိငွေ သန်းပေါင်း ၁၂၄၄.၉၁၅ ရရှိပြီး ရာခိုင်နှုန်း အားဖြင့် ၁၁၅၇၂ ရာခိုင်နှုန်းရရှိပါကြောင်း၊ သို့ပါ၍ လုပ်ငန်းရေရှည် တည်တံ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငါးလုပ်ငန်းဆောင်ရွက်ရာတွင် ရေယာဉ်ကြံ့ခိုင်မှုရရှိ၍ လုံခြုံမှုရရှိရေး၊ သစ်တောပြုန်းတီးမှု လျှော့ချနိုင်ရေးနှင့် ကမ်းနီး ဝင်ရောက်စွဲခြင်းမှ ကွင်းလွတ် ရန်နှင့် ရေသယံဇာတများ၊ ငါးမျိုးပြုန်းတီးမှုများကို ကာကွယ်ပြီးသား ဖြစ်ခြင်းတို့ကြောင့် တနင်္သာရီတိုင်းဒေသကြီး အပါအဝင်ကမ်းရိုး တန်းဒေသကြီးများတွင် ငါးဖမ်းရေယာဉ် များကို ခေတ်မီသံကိုယ်ထည်ဖြင့် လဲလှယ် အစားထိုး၍ ပြည်တွင်း၌ စတင်တည်ဆောက်ခွင့် ရှိ/မရှိကိုလည်းကောင်း၊တည်ဆောက်ခွင့်ပြုမည်ဆိုပါက မည်သည့်အချိန်တွင် တည်ဆောက်ခွင့် ပြုမည်ကိုလည်းကောင်း၊တည်ဆောက်ခွင့်မပြုနိုင်ပါက မည်သည့် အတွက်ကြောင့် ဆိုသည်ကို ဒေသခံငါးလုပ်ငန်း အဖွဲ့ချုပ်ကိုယ်စား သိရှိလိုပါကြောင်း မေးမြန်းပါသည်။