(က)-နယ်စပ်ရေးရာဝန်ကြီးဌာနမှမိုင်းပန်မြို့နယ်၊မိုင်း ပန -နောင်လေ-မိုင်းပုတ်-ပန်ပိ လမ်း (၃၆)မိုင်အား အဆင့် မြှင့်တင်ဆောင် ရွက်ပေးရန်အစီအစဉ်ရှိ/မ ရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
မိုင်းပန်မြို့နယ်အတွင်း မိုင်းပန်မြို့မှ နောင်လေ-မိုင်းပုတ်-ပန်ပိကျေးရွာများ သို့ သွားလမ်းအရှည် ၃၆ မိုင်ကို နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ယူ၍ မြေသားလမ်းအဖြစ် ၂၀၁၄ ခုနှစ်တွင် စတင် ဖောက်လုပ်ခဲ့ပါကြောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ကျောက်ချောလမ်း ၁ မိုင် ၂ ဖာလုံကို မိုင်းပန်မှ နောင်လေကျေးရွာအထိ ခင်းပြီးဖြစ်ပါကြောင်း၊ တင်ပြပါ မိုင်းပုတ်-ပန်ပိကျေးရွာဒေသသည် အိမ်ထောင်စု ၁၀၀၀ ခန့်နှင့် လူဦးရေ ၄၀၀၀ ကျော်နေထိုင်ရာဒေသဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲသည့်အတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးမှု နောက်ကျလျက်ရှိပါကြောင်း၊ ယခုအခါ မိုးရာသီတွင် တောင်ပေါ်မြေသားလမ်းဖြစ်သည့်အတွက် မိုးရွာသွန်းမှုကြောင့် လမ်းများပျက်စီးခြင်း၊ ပြိုကျခြင်း၊ တံတားများပျက်စီးခြင်းတို့ကြောင့် လမ်းများ လွန်စွာပျက်စီးနေသဖြင့် သွားလာရန်အလွန် ခက်ခဲလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ဒေသခံပြည်သူများ သွားလာမှုအဆင်ပြေချောမွေ့စေရေးအတွက် မိုင်းပန်-နောင်လေ-မိုင်းပုတ်-ပန်ပိ လမ်း ၃၆ မိုင်အား မြေသားလမ်းအဆင့်မှ ရာသီမရွေးသွားလာနိုင်သော ကျောက်ချောလမ်းအဆင့်အဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက မည်သည့် အချိန် တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။