(ဃ)-နှစ်စဉ်လျှပ်စစ်သုံးစွဲမှုသည် တိုးတက်သုံးစွဲလျက်ရှိရာ လာမည့် (၂၀၁၈၊၂၀၁၉၊၂၀၂၀၊၂၀၂၁) ခုနှစ်တို့တွင် ဓာတ်အားမပြတ်တောက်စေရန်နှင့် လုံလောက်ကောင်းမွန်အောင် ထုတ်လုပ်ရေးအပိုင်းတွင် မည်ကဲ့သို့ အစီအစဉ်ချပြီး လုပ်ဆောင်နေသည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း
မြန်မာနိုင်ငံတွင် နှစ်စဉ်လျှပ်စစ်သုံးစွဲမှုသည် ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းခန့်အထိ တိုးတက်သုံးစွဲ လျက်ရှိရာ လာမည့် (၂၀၁၈၊ ၂၀၁၉၊ ၂၀၂၀၊ ၂၀၂၁) ခုနှစ်တို့တွင် ပြည်သူများကို လျှပ်စစ်ဓာတ်အား မပြတ်တောက်စေရန်နှင့် လုံလောက်ကောင်းမွန်အောင် လျှပ်စစ်ထုတ်လုပ်ရေးအပိုင်းတွင် မည်ကဲ့သို့ အစီအစဉ်ချပြီး လုပ်ဆောင်နေသည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
မြန်မာနိုင်ငံ၏ လျှပ်စစ်သုံးစွဲမှုသည် ၂၀၁၅ ခုနှစ်တွင် ၂၄၉၇ မဂ္ဂါဝပ် ၊ ၂၀၁၆ ခုနှစ်တွင် ၂၈၀၂ မဂ္ဂါဝပ်၊ ၂၀၁၇ ခုနှစ်တွင် ၃၀၇၅ မဂ္ဂါဝပ် သုံးစွဲခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ၃၅၈၇ မဂ္ဂါဝပ်၊ ၂၀၁၉ ခုနှစ်တွင် ၄၀၃၂ မဂ္ဂါဝပ်၊ ၂၀၂၀ ခုနှစ်တွင် ၄၅၃၁ မဂ္ဂါဝပ်အထိ တိုးတက်သုံးစွဲမည်ဟု ခန့်မှန်းထားပါကြောင်း၊ ၂၀၁၈ ခုနှစ် ဓာတ်အားလိုအပ်ချက်မှ ၃၅၈၇ မဂ္ဂါဝပ်ဖြစ်ပြီး လက်ရှိထုတ်လုပ်နိုင်သည့် အနေအထားသည် ၃၁၀၀ ရှိသည့်အတွက် ၄၈၇ မဂ္ဂါဝပ်ထပ်မံထုတ်လုပ်ရမည်ဖြစ်ပါကြောင်း၊ သို့သော် Plan အရ ၄၃၉ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သည့်အတွက် ၄၈ မဂ္ဂါဝပ်လိုအပ်နေပါကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ၄၀၃၂ မဂ္ဂါဝပ် သုံးစွဲမည်ဟု ခန့်မှန်းထားသော်လည်း ၃၅၃၉ မဂ္ဂါဝပ်သာ ထုတ်လုပ်နိုင်မည်ဖြစ်ပါသဖြင့် ၄၉၃ မဂ္ဂါဝပ်ထပ်မံ လိုအပ်မည်ဖြစ်ပါကြောင်း၊ Plan အရ ၇၅၀ မဂ္ဂါဝပ်သာထုတ်လုပ်ပြီး ၂၀၂၀ ခုနှစ်တွင် ၂၆၀ မဂ္ဂါဝပ်၊ ၂၀၂၀ ခုနှစ်တွင် ၉၇၁ မဂ္ဂါဝပ်ထုတ် နိုင်မည်ဟု ရည်မှန်းထားပါကြောင်း၊ ထို့ကြောင့် လျှပ်စစ်ဓာတ်အား ပမာဏအရ ၂၀၁၈ ခုနှစ်တွင် ထုတ်လုပ်မှုမှားသွားပါက ၂၀၁၉ ခုနှစ်တွင် လည်းကောင်း၊ ၂၀၁၉ ခုနှစ်တွင်မပြီးပြတ်ခဲ့ပါက ၂၀၂၀ ခုနှစ်တွင်လည်းကောင်း မိမိတို့ ပြည်သူများ အတွက် မီးအခက်အခဲများရှိနိုင်ပါကြောင်း၊ ထို့ကြောင့် လျှပ်စစ်ဝန်ကြီးဌာန အနေဖြင့်၂၀၁၈ ခုနှစ်တွင် လျှပ်စစ်ဓာတ်အား မည်သို့ထုတ်လုပ်၍ မည်သည့်အချိန်တွင်ပြီးမည်၊ ၂၀၁၉ ခုနှစ်တွင် ၎င်းတို့ Plan အရ မည်ကဲ့သို့ထုတ်လုပ်၍ ဘယ်လောက်ပြီးမည်ကို တိတိကျကျ သိလိုပါကြောင်းနှင့် ၂၀၁၈၊ ၂၀၁၉၊ ၂၀၂၀၊ ၂၀၂၁ အတွက် ပြည်သူလူထု၏လျှပ်စစ်လိုအပ်ချက်ကို မည်ကဲ့သို့စီမံထုတ်လုပ် ဖြည့်စွမ်းပေး မည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။