(ဂ)-မင်းဘူး-စကုလမ်းမကြီးနှင့် ဆက်သွယ်ထားသော မန်းရေနံမြေအရှေ့ဘက်ဂိတ်မှ မန်းရေနံမြေလမ်းဆုံ အထိလမ်းအပိုင်းအား ကွန်ကရစ်လမ်း သို့မဟုတ် ကတ္တရာလမ်းအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
မင်းဘူး-စကုလမ်းမကြီးနှင့် ဆက်သွယ်ထားသော မန်းရေနံမြေအရှေ့ဘက်ဂိတ်မှ ကြာကန်- ပေါက်ကုန်း- အောက်ကျောင်း-နန်းဦး-လေးအိမ်တန်း-လက်ပံတော-မယ်ဘေ့ကုန်းရွာအနီး မန်းရေနံမြေလမ်းဆုံ အထိလမ်းအပိုင်းအား ကွန်ကရစ်လမ်း သို့မဟုတ် ကတ္တရာလမ်းအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
မင်းဘူး- စကုလမ်းမကြီးနှင့်ဆက်သွယ်ထားသည့် မန်းရေနံမြေအရှေ့ဘက်ဂိတ်မှ မယ်ဘေ့ကုန်း ကျေးရွာကို ဆက်သွယ်ထားသောလမ်းသည် မူလက ၁၉၅၅ ခုနှစ်အချိန်ခန့်က ဝန်ကြီးချုပ်ဦးနု လက်ထက်ကတည်းက ဒေသခံပြည်သူများ ခရီးသွားရန်အဆင်ပြေစေရေးအတွက် ပြည်တော်သာလမ်းအဖြစ် ကျေးရွာချင်းဆက်လမ်းဟူ၍ ဖောက်လုပ်ပေးခဲ့သည့်လမ်းလည်း ဖြစ်ပါကြောင်း၊ ၁၉၇၀ နောက်ပိုင်းတွင် မန်းရေနံမြေ ပေါ်ပေါက်လာသည့်အခါ ရေနံမြေနယ်မြေနှင့်ထိစပ်နေသည့်အတွက် မန်းရေနံမြေက ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့သော် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် မန်းရေနံမြေ အထွေထွေမန်နေဂျာ၏လက်မှတ်ရေးထိုးပြီး ထွက်သည့်စာအရဆိုပါက အဆိုပါလမ်းကို နောင်အချိန်ခါတွင် မန်းရေနံမြေက CSR လုပ်ငန်းနှင့်ပတ်သက်ပြီး ပြုပြင်ထိန်းသိမ်းရသည့်အခါ အခက်အခဲရှိသည့်အတွက် ကျေးလက်လမ်းဦးစီးအနေဖြင့် ကျေးလက်လမ်းက ပြုပြင်ဆောင်ရွက်ပေးရန် ခရိုင်ကျေးလက်လမ်းဦးစီးဌာနကို စာပို့ထားပါကြောင်း၊ ထို့ကြောင့် ၎င်းလမ်းသည် ဝန်ကြီးချုပ်ဦးနုလက်ထက် ၁၉၅၅ ခုနှစ်က ကျေးလက်လမ်းအဖြစ် ဖောက်လုပ်ပေးခဲ့သော်လည်း နောက်ပိုင်းတွင် မန်းရေနံမြေက ထိန်းသိမ်းခဲ့ပါကြောင်း၊ အဆိုပါလမ်းသည် မင်းဘူး-စကုမြို့နယ်က ဒေသခံပြည်သူများသာမက ပွင့်ဖြူမြို့နယ်က ဆယ်မုန်း၊ ကုန်းစု၊ ထနောင်းကုန်း၊ ရွှေလှေ၊ ချွန်းစု၊ ပေါက်စု စသည့်ကျေးရွာများကပါ အသုံးပြုသည့်လမ်းဖြစ်ပါကြောင်း၊ ယခုအခါ မန်းရေနံမြေက မပြုပြင်တော့ပါကြောင်း၊ ကျေးလက်လမ်းဦးစီးတွင်လည်း ကျေးလက်လမ်းအဖြစ် အမည်ပေါက်ခြင်း မတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် အဆိုပါလမ်းကို မန်းရေနံမြေ CSR လုပ်ငန်းအနေဖြင့် ပြုပြင်ရန် အခက်အခဲရှိနေပါကြောင်း၊ သို့သော်လည်း လမ်းက ကျောက်ကြီးများချထားသော်လည်း ချိုင့်ခွက်များ ဖြစ်ပေါ်ပြီး ပျက်စီးချို့ယွင်းနေသည့်အတွက် ပြုပြင်ရန်လိုအပ်နေပါကြောင်း၊ ထို့ကြောင့် မင်းဘူး-စကုလမ်းမကြီးနှင့်ဆက်သွယ်ထားသော မန်းရေနံမြေအရှေ့ဘက်ဂိတ်မှ ကြာကန်-ပေါက်ကုန်း-အောက် ကျောင်း-နန်းဦး-လေးအိမ်တန်း-လက်ပံတော-မယ်ဘေ့ကုန်းရွာအနီးရှိ မန်းရေနံမြေလမ်းဆုံအထိ လမ်းအပိုင်းအား ကွန်ကရစ်လမ်း သို့မဟုတ် ကတ္တရာလမ်းအဖြစ် အဆင့်တိုးမြှင့်ပြုပြင် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။